ချော်ရည်များ စီးကျ

December 16, 2017

အင်ဒိုနီးရှား အာဂွန်မီးတောင်မှ ချော်ရည်များ စီးကျ

အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင့်ဆုံးမီးတောင် အာဂွန်က မီးတောင် အူကြောင်းတလျှောက် ချော်ရည်တွေ စီးကျနေကာ မီးတောင်ပေါက်ကွဲမယ့်အခြေအနေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ အပန်းဖြေနေရာ ဘာလီကျွန်းမှာ အဆင့်မြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမြင့်ပေ ၉၈၀၀ မြင့်တဲ့ မီးတောင်ဟာ အလွန်ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲနိုင်စွမ်း ရှိပြီး ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း လှုပ်ရှားမှုတိုးလာလို့ ဒေသခံတွေ စိုးရိမ်စိတ် မြင့်တက်ခဲ့ပါတယ်။ ဒီမီးတောင်ဟာ ၁၉၆၃ ခုနှစ်က ပေါက်ကွဲလို့ လူအယောက် တထောင်ကျော် သေဆုံးခဲ့ ဖူးပါတယ်။ ဘာလီကျွန်းနဲ့ အနားက လွန်ဘုတ်ကျွန်းတွေပေါ်က နိုင်ငံတကာ လေဆိပ်တွေကတော့ ပုံမှန် လုပ်ငန်း လည်ပတ်နေဆဲပါ။
4 years Ago
Up