ချောင်းထဲ အသက်စွန့်ပြေးသည့် ဆိတ်အုပ်စု မိကျောင်းကြီးများ၏ ၀ါးမျိုစားသောက်ခံရ (ရုပ်သံ)

March 11, 2017

ချောင်းထဲ အသက်စွန့်ပြေးသည့် ဆိတ်အုပ်စု မိကျောင်းကြီးများ၏ ၀ါးမျိုစားသောက်ခံရ (ရုပ်သံ)

ရုပ်သံထဲမှာ သမင်နဲ့ ဆင်တူသော ဂဆဲဆိတ်တစ်ကောင်က မိချောင်းတွေရှိရာ ရေထဲ ဖြတ်ပြေးသွားပါတယ်။ မိချောင်းတွေက ဦးဆုံးမှာ ဖြတ်ပြေးတဲ့ ဂဆဲဆိတ်နောက်ကို လိုက်ပေမယ့် တိုက်ခိုက်တာတော့ မတွေ့ရပါဘူး။ ရေထဲဖြတ်ပြေးတဲ့ သမင်နဲ့ဆင်တူတဲ့ ဂဆဲဆိတ်က များပြားလှတဲ့ မိချောင်းတွေကို ပါးနပ်စွာ ရှောင်နိုင်တိမ်းနိုင်ရင်း ကုန်းပေါ်မှာ ရှိတဲ့ အုပ်စုရှိရာကို အရောက်သွားနိုင်ခဲ့ပါတယ်။ ဂဆဲဆိတ်တွေကလည်း နောက်တစ်ကြိမ် အုပ်စုလိုက် ကုန်းပေါ်ကနေ ရေထဲ ဖြတ်ကူး ကြပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂဆဲဆိတ်တစ်ကောင်ကို မိသွားပါတယ်။ တစ်ချို့ ပါးနပ်လျင်မြန်တဲ့ အကောင်အနည်းငယ်ကတော့ မိချောင်းတွေရှိတဲ့ ရေထဲကနေ သီသီလေး ဖြတ်ကူးနိုင်ခဲ့ပြီး ဟိုတစ်ဖက်ကမ်းကို ရောက်နိုင်ခဲ့တာ မတ် ၉ ရက်နေ့ ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ မိချောင်းရှိတာ သိလျက်နဲ့ နောက်ထပ်ဖြတ်ကူးဖို့ ကြိုးစားတဲ့ ဂဆဲဆိတ်မှန်သမျှကတော့ မိချောင်းတွေရဲ့ ၀ါးမျိုစားသောက်ခံလိုက်ရတာကိုလည်း ထပ်မံတွေ့ရပါတယ်။ ဂဆဲဆိတ်ဆိုတာ သမင်နဲ့ဆင်တူတဲ့ သတ္တဝါအမျိုးအနွယ်ပါ ပုံမှန်အားဖြင့် ဂဆဲဆိတ်တွေက သေးငယ်ပြီး နုနယ်/နူးညံ့တယ်၊ ညိုဝါမှိုင်းတဲ့အရောင်ရှိပြီး လေးလံတဲ့ ဦးချိုတွေပါရှိတဲ့ အပင်စားသတ္တဝါ အမျိုးအစားတွေပါ။ ဂဆဲဆိတ် မျိုးနွယ်စု ၁၉ စုထဲက အများဆုံးက အာဖရိကမှာ နေထိုင်ကြပေမယ့် အချို့အမျိုးအစားတွေကို အာရှအလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတွေမှာ တွေ့ရတယ်လို့ သိရပါတယ်။ ဂဆဲဆိတ်အများစုက မြက်ခင်းပြင်ကျယ်တွေကို ကြိုက်နှစ်သက်ပြီး အုပ်စုလိုက်နေကြတယ်၊ အနည်းဆုံး ၈ ကောင်အုပ်စုကနေ ရာဂဏန်းထိ နေထိုင်ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့အစားအစာတွေဖြစ်တဲ့ မြက်တွေ၊ ချုံထနှောင်းတွေ သစ်ရွက်တွေက ဂဆဲဆိတ်တွေအတွက် အမြဲတမ်းစားစရာဖြစ်နေပြီး သူတို့ရဲ့ အစားတွေကနေ ရေဓါတ်ကို ထုတ်ယူနိုင်လို့ သူတို့က ရေဓါတ်အနည်းငယ်ပဲ လိုတယ်လို့ သိရပါတယ်။
5 years Ago
Up