ချောက်​လူမှုရေးအသင်း

July 6, 2018

ချောက်​လူမှုရေးအသင်းကားများ ​မောင်း​ခွင့်ရရေး​ ဝန်​ကြီးချုပ်​ထံ အသနားခံစာတင်​မည်

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်​မြို့နယ်​ လူမှုကူညီ​ရေးအသင်းတွေ ပူ​ပေါင်းပြီး လိုင်စင်မဲ့ အသင်းသုံးကားတွေ ​ဒေသတွင်း​မောင်းနှင်​ခွင့်ရဖို့​ မ​ကွေးတိုင်း​ဝန်​ကြီးချုပ်​ကို အသနားခံစာ တင်​သွားမယ်လို့ ​ချောက်​မြို့ မ​နောဖြူအဖွဲ့အတွင်း​ရေးမှူး ဦးမျိုးဝင်းက ​ပြောပါတယ်။ "လူနာ​တွေက အ​ရေးကြီးတဲ့အတွက်​ မ​ကွေးမှာဘဲ တိုင်း​ဆေးရုံကြီး ရှိတဲ့အတွက်​ မ​ကွေးကို လူနာပို့ရတာ​တွေ များပါတယ်​။ ဒါ​ကြောင့် မြို့နယ်​အတွင်းမဟုတ်​ဘဲ တိုင်းအတွင်း သွားလာခွင့် မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဆီကို ကျ​နော်​တို့ အသင်း ၃၉ သင်း စု​ပေါင်း လက်​မှတ်​​ရေးထိုး အသနားခံစာ တင်​သွားမှာပါ။” ​ချောက်​မြို့နယ်​ ​ဂွေးပင်​ အုပ်​စုကင်​မွန်းခြုံ​ကျေးရွာ၊ ​မေတ္တာစိမ့်စမ်း လူမှုကူညီ​ရေးအသင်းမှ နာယက ကိုထွန်းထွန်းဝင်းက “လိုင်​စင်​မဲ့ကားနဲ့လုပ်​​နေချိန်​မှာ ဒီကား​တွေ ဖမ်းမယ်​ဆို​တော့ လူနာ​တွေကို မကူညီနိုင်​​တော့ပါဘူး။ မကြာ​သေးခင်​က ရွာမှာ ထန်းပင်​​ပေါ်က က​လေးတ​ယောက် ​လိမ့်ကျတယ်၊​ အဲဒီအချိန်​မှာ အကူညီ​တောင်းတယ်၊​ ကျနော်​တို့က​တော့ ဖမ်းမယ်​ဆိုတဲ့ စာ​ရောက်​ထား​တော့ မပို့ရဲပါဘူး။ အဲဒီ​တော့ အပြင်​ကားငှားပြီး မ​ကွေး​ဆေးရုံထိ သွားရတာ ကားခက ခုနှစ်​​သောင်း​လောက်​​ပေးရတယ်​။ အသင်းကားနဲ့ဆိုရင်​ ဆီဖိုး ၂ေ​သောင်း​လောက်​ပဲကုန်​မှာ​လေ၊ အခု​တော့ ​ပိုကုန်​တာ​ပေါ့” လို့ ပြောပါတယ်။ ​ချောက်​မြို့နယ်အတွင်းက လူမှုကူညီ​ရေးအသင်းတွေဟာ လွှတ်​​တော်​ကိုယ်​စားလှယ်တွေ၊ တာဝန်​ရှိပုဂ္ဂိုလ်​တွေနဲ့  ဇူလိုင် ၅ ရက်နေ့ ​နေ့လယ် ၁ နာရီက အမှတ်​ ၁ဝ မဟာ​အေး​စေတီ​ဘုရား ​ခြေ​တော်​ရင်းရှိ မ​နောဖြူရုံးမှာ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါတယ်။ ပြည်​​သူလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဘိုကြီးက  “သက်​ဆိုင်​ရာဝန်​ကြီးနဲ့လည်း ​တွေ့တယ်​၊ ထပ်​လုပ်​​ပေးမယ်​လည်း ​ပြောပါတယ်​။ နာ​ရေးအသင်း​တွေက အဓိက ကား​တွေကအစ နာ​ရေးကိစ္စနဲ့ပတ်​သက်​တာ​ပဲလုပ်​ဖို့ ချပြထားပါတယ်​။ ဥပမာ သစ်​တင်​တာ​တွေမိတယ်​၊ ဘုရားဖူး​တွေ သွားတယ်​၊ အဲဒါ​တွေကို ထိန်း​ပေးမယ်၊​ ပြည်​သူကလည်း ထိန်း​ပေးမယ်​။ ကျနော်​တို့ပြည်​သူ​တွေ လိုအပ်​ချက်​တွေကို လိုင်​စင်​ရ​အောင်​​တော့ တိုင်းအဆင့်လည်း ကြိုးစားမယ်​၊ မရဘူးဆိုရင်​ ပြည်​​ထောင်​စုအဆင့်ထိ ကြိုးစားသွားမယ်​” လို့ ပြောပါတယ်။ တို​င်း​ဒေသကြီး လွှတ်​​တော်​ အမှတ်​ ၂ ဦးစိုးဝင်းက “လိုင်​စင်​မဲ့ကား​တွေနဲ့ ပရဟိတ အသင်း​တွေ အ​ကြောင်းပြပြီး တရားမဲ့ ​ဆောင်​ရွက်​​နေတာ​တွေကလည်း​ အထင်​အရှား ​တွေ့​နေရတာ အဲဒီ​တော့ ဒါ​တွေ ထိန်းကွပ်နိုင်​ဖို့ကလည်း ဒီလိုမူ​ဘောင်​​တွေထွက်​ပြီး ထိန်းမှသာ ရမှာဖြစ်​လို့ ဒီလိုထိန်းတာ တခုခုတော့ ထပ်လာဦးမှာ ဒီ​လောက်​တင်းကြပ်​တာ မဟုတ်​ဘဲနဲ့​တောင်​ (HSE) လိုင်​စင်​​တွေ ချ​ပေး​သေးတာ။ အခုလည်း တနိုင်​ငံလုံး အ​နေအထားနဲ့ အကျပ်​တည်း​တွေ့သွား​အောင်​ လမ်း​ကြောင်း မလွဲ​လောက်​ဘူးထင်​တယ်​” လို့ ​ပြောပါတယ်​။ လိုင်​စင်​မဲ့ယာဉ်​တွေကို ပညာ​ပေး ​တားဆီးစစ်​​ဆေးမှုအ​နေနဲ့ ဇူလိုင် ၅ ရက်နေ့ မနက်က ​ချောက်​မြို့နယ်​ ​ဂွေချိုလမ်းစုံမှာ​ ၅ ကြိမ်​​မြောက်​ ​နောက်​ဆုံးပြုလုပ်​ခဲ့ပြီး လာမယ့် ၁၁ ရက်​​နေ့ကစတင်ကာ ​မောင်​နှင်​မှု​တွေ့ရှိပါက​ အ​ရေးယူ​သွားမယ်လို့ ယာဉ်​စည်းကမ်းထိန်းသိမ်း​ရေး တာဝန်​ခံ ရဲအရာခံ မျိုးမြင့်အောင်​က ​ပြောပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up