ချောက်​တွင်​ ယာဉ်​တိုက်မှု​ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ​ဦး​သေဆုံး၊ ၂ ဦး ဒဏ်ရာရ

June 17, 2018

ချောက်​တွင်​ ယာဉ်​တိုက်မှု​ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ​ဦး​သေဆုံး၊ ၂ ဦး ဒဏ်ရာရ

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို မနေ့ည​နေ ၆ နနာရီခွဲအချိန်​ခန့်​မှာ​ ဒိုင်​နာယာဉ်​ တိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ​ဦး ​သေဆုံးခဲ့​ပြီး  အမျိုးသား၂ ​ဦး ဒဏ်ရာရခဲ့တယ်လို့ ​ချောက်​မြို့မရဲစခန်းက သိရပါတယ်။ အမှတ်​ ၇ ရပ်​ကွက်​၊ အုတ်​ဖို ​ဘောလုံးကွင်းတိုက်​တန်းလမ်းမှာ ​တောင်​မှ​မြောက်​ကို ယာဉ်​​မောင်း တင်​ဝင်းထွန်း အရှိန်​နဲ့​မောင်းနှင်လာတဲ့ ဒိုင်နာယာဉ်က တဖက်​ယာဉ်​​ကြောမှ ရပ်​တန့်​ထား​တဲ့ ​ထော်​လာဂျီယာဉ်​အား တိုက်​မိပြီးနောက် ​ထော်​လာယာဉ်က လမ်းမရှင်းသေးလို့ ရပ်​​နေ​တဲ့ စိုးမင်းသူနဲ့ စုမွန်​ဖြိုးတို့ရဲ့ ဆိုင်​ကယ်​အား ထပ်မံတိုက်​မိခဲ့​တယ်လို့ ရဲစခန်းက ပြောပါတယ်။ ဖြစ်​စဉ်​​ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး မစုမွန်​ဖြိုး ​သေဆုံးခဲ့ပြီး ဆိုင်​ကယ်​​မောင်းသူ စိုးမင်းသူ နဲ့ ထော်လာဂျီယာဉ်မောင်း ​ကျော်​​ဇေယျတို့ မစိုးရိမ်​ရ ဒဏ်​ရာတွေ ရရှိခဲ့​တယ်လို့ ဆိုပါတယ်။ ​သေဆုံးသူအမျိုးသမီးမှာ ​ကိုယ်​ဝန်​​သည်​တဦးဖြစ်ပြီး ကား​က မူမမှန်ဘဲ ​ထော်​လာဂျီကို ၀င်တိုက်ခဲ့တာလို့ အခင်းဖြစ်​​နေရာအနီးရှိ ​ဒေသခံတဦးက ပြောပါတယ်။ အဆိုပါဖြစ်​စဉ်​​ကြောင့် ယာဉ်​​မောင်း တင်​ဝင်းထွန်းအား ယာဉ်​မဆင်​မခြင်​​မောင်းနှင်​မှုကြောင့် ထိခိုက်​ဒဏ်​ရာရ၊ ​သေဆုံးမှုတို့နဲ့ ​ချောက်​မြို့မရဲခန်းက အမှုဖွင့် ​အရေးယူထားကြောင်း  သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up