ချောက်မြို့တွင် အပူဒဏ်သက်​သာ​စေရန်​ အခမဲ့ ရေချိုးစခန်း စတင်ဖွင့်လှစ်

May 15, 2019

ချောက်မြို့တွင် အပူဒဏ်သက်​သာ​စေရန်​ အခမဲ့ ရေချိုးစခန်း စတင်ဖွင့်လှစ်

အပူရှိန်​မြင့်​တက်နေ​တဲ့ ချောက်မြို့မှာ ဒေသခံပြည်သူတွေ အပူဒဏ်သက်​သာ​စေဖို့ သဘာဝရေအေးနဲ့ ရေချိုးချင်သူတွေအတွက် မေလ ၁၄ ရက် ညနေပိုင်းမှ စတင်ပြီး အခမဲ့ ရေချိုးစခန်း ဖွင့်လှစ်လိုက်​ပါတယ်​။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ''အပူဒဏ် ကာကွယ်ဖို့ ရေရှားပါးမှုရှိတဲ့ ဒေသမှာ တကိုယ်ရေ သန့်ရှင်းရေးအတွက်ကို အထောက်အကူ ဖြစ်စေဖို့ ရေချိုးချိန်​ မှန်စေချင်တာရယ်၊ အပူရှပ်တာ မဖြစ်ဖို့ အတွက်ကို ဒီနေရာမှာ ရေချိုးခြင်းအားဖြင့် ဒီသတ်မှတ်တဲ့အချိန် ရေချိုးခြင်းအားဖြင့်  အပူရှပ်တာ ကာကွယ်မှုပေါ့ ဒါကို ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ''လို့ ပြောပါတယ်​။ ​ရေချိုးစခန်းမှာ လာရောက်ရေချိုးသူများပြားပါက ​နောက်​ထပ်​ ရပ်ကွက် နှစ်ရပ်ကွက်မှာ ရေချိုးစခန်း နှစ်ခုနဲ့ မြို့မြောက်ဘက်ရှိ ကျောက်တဲရပ်ကွက်တွင် ရေချိုးစခန်း ထပ်မံ ဖွင့်လှစ်ပေးဖို့လည်း ရှိနေပါတယ်​။ ရေချိုးစခန်းကို မြို့တောင်ဘက် အမှတ် ၁၅ နယ်မြေ ရတနာအိုင်ရပ် လမ်းမတော်ဘေးမှာ စတင်ဖွင့်လှစ်ပြီး မနက် ၅ နာရီမှ ၉ နာရီ၊ ညနေ ၆ နာရီ မှ ည ၈ နာရီအထိ ရေချိုးချိန်အဖြစ် သတ်မှတ်ထားပြီး အမျိုးသားနဲ့ အမျိုးသမီး သီးသန့် အကာအရံတွေနဲ့ နှစ်မျိုး ခွဲခြားထားပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
Up