ချောက်မြို့

April 14, 2019

ချောက်မြို့နယ်၊ အုံးမြားရွာသစ်​​ကျေးရွာတွင် မီး​လောင်

မ​ကွေးတိုင်း​ဒေသကြီး၊  ချောက်​မြို့နယ်​၊ အုံမြားရွာသစ်​​ကျေးရွာမှာ ဧပြီ ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က မီး​လောင်​လို့ လူနေအိမ်​ ၄ လုံးမီးထဲပါသွားပြီး လူဦး​ရေ ၁၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အုံးမြားရွာသစ်​​ကျေးရွာနေ ဦးလှဝင်း​မောင်​ရဲ့ ဇနီးဖြစ်​သူ ​ဒေါ်ချို​ဌေးက ထင်းမီးဖိုနဲ့ ထမင်းအိုး နှပ်​ရာမှာ အနီးနားက ထရံကာကို မီးစတင်​​လောင်​ကျွမ်းခဲ့လို့  လူနေအိမ် ၄လုံးနဲ့ နွားတင်းကုပ်​ ၃ လုံး မီးကူးစက်​​လောင်​ခဲ့ပြီး ဆုံးရှုံးမှုတန်​ဖိုး ကျပ် ၃၇ သိန်းဖိုးလောက်ရှိတယ်လို့ မြို့နယ်​မီးသတ်​တပ်​ဖွဲ့က သိရပါတယ်။ မီးလောင်ရာနေရာကို မြို့နယ်မီးသတ်အပါအ၀င် အနီးနားကျေးရွာတွေက မီးသတ်ကား ၃ စီး၊  ​ရေသယ်​ယာဉ်​ ၁ စီးတို့နဲ့ သွား​ရောက်​ငြှိမ်းသတ်​ခဲ့တယ်​လို့ သိရပါတယ်​။ အဆိုပါ မီး​လောင်​မှု​နဲ့ ပတ်သက်ပြီး မီးစတင်လောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ​ချောက်​မြို့မရဲစခန်းမှာ စစ်ဆေးအ​ရေးယူ ထားပါတယ်​။ သတင်း၊ဓာတ်ပုံ-ကိုလင်း(​ချောက်​)
3 years Ago

March 11, 2019

ချောက်မြို့နယ်က မီး​ဘေးဒုက္ခသည်များအတွက် ငွေကြေးနှင့် ထောက်​ပံ့ပစ္စည်းများ​ပေးအပ်

မ​ကွေးတိုင်း​၊ ​ချောက်​မြို့နယ်​၊ ဆင်​ကရွာမှာ မ​နေ့ညက လောင်​ကျွမ်းခဲ့​တဲ့ မီး​ဘေး​ကြောင့် အိုးအိမ်​မဲ့ဖြစ်​ခဲ့ရ​တဲ့ အိမ်​​ထောင်​စု ၁၃ စုကို ​ထောက်​ပံ့​ငွေ ကျပ် ၁၄ သိန်း​ကျော်​နဲ့ ပစ္စည်းတွေ ပေးအပ်​ခဲ့တယ်​လို့ မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတာဝန်​ရှိသူ က​ပြောပါတယ်​။ မီးဘေးသင့်သူတွေအတွက် တအိမ်ထောင်ကို ငွေကျပ် ၁ သိန်းနဲ့ လူတဦးကို တပတ်စာ ဆန်ဖိုး ငွေကျပ် ၂၁၀၀ ကျပ်စီနဲ့ စုစုပေါင်း ကျပ်ငွေ ၁,၄၀၅,၀၀၀ကို မေလ ၁၁ ရက်မှာ အာဏာပိုင်တွေက ပေးအပ်ခဲ့တာပါ။ ဒ့ါအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးဖြစ်တဲ့ ကျား လုံချည် ၁၃ ထည်၊ မလုံချည် ၁၃ ထည်၊ စောင် ၁၃ ထည်၊ တဘက် ၁၃ ထည်၊ ဒန်အိုး ၁၃ လုံး၊ တီရှပ် ၂၆ ထည်၊ ဆပ်ပြာ ၁၃၊ ၂ ယောက်အိပ် ခြင်ထောင် ၁၃ လုံး၊ စတီးဓား ၁၃ ချောင်း၊ စတီးဇွန်း ၂၆ ချောင်း၊ စတီး aသာက်ရေခွက် ၁၃ ခွက်၊ ပလပ်စတစ်ရေချိုးခွက် ၁၃ ခွက်၊ စတီးပန်းကန်ပြား ၂၆ ချပ်၊ တာပေါ်လင် ၁၃ ချပ်နဲ့ လေးထောင့် ပလပ်စတစ်ပုံးအကြည် ၁၃ ပုံး ပေးအပ်​ခဲ့ပါတယ်။ မြို့နယ်​ အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း တအိမ်ထောင်ကို ဆန် ၃ပြည်ကျော်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ထုပ်၊ ဒန်အိုး၊ ပန်းကန်၊ စတီးဇလုံ၊ ဟင်းသောက်ပန်းကန်လုံး၊ သောက်ရေခွက်၊ ဇွန်း၊ ကျား/မ ကလေးဝတ် အနွေးထည်၊ အင်္ကျီ၊ ပုဆိုးနဲ့ ထမီပါ အဝတ်စားထုပ် ၁ ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလားတူမီးဘေးသင့်သူတွေအတွက် ကြီးနီကျေးရွာကျောင်းဆရာတော်၊ ဘုံးဘွဲ့ကျေးရွာကျောင်းဆရာတော်၊ ချောက်မြို့ ကောင်းကင်ပွဲရုံ၊ အေးဝမ်းဖြိုးပဲမျိုးစုံပွဲရုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း ထောက်ပံ့ငွေတွေနဲ့ ဆန်ဆီ စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်​။ ကိုလင်း(​ချောက်​)
3 years Ago
Up