ချောက်မြို့က ဗလီနှစ်ခုတွင် ပြန်လည်ဝတ်ပြုခွင့်ရရေး ဆန္ဒမဲကောက်ခံ

March 31, 2019

ချောက်မြို့က ဗလီနှစ်ခုတွင် ပြန်လည်ဝတ်ပြုခွင့်ရရေး ဆန္ဒမဲကောက်ခံ

မ​ကွေးတိုင်း​ ​ချောက်​မြို့​မှာရှိတဲ့ ဗလီနှစ်​ခုကို ပြန်​လည်​ဝတ်​ပြုခွင့်ရရှိဖို့အတွက် မတ်လ ၃၀ ရက်နေ့ကစတင်ပြီး ဆန္ဒမဲကောက်ခံနေပါတယ်။ ​ချောက်​မြို့​ အမှတ်​ ၉ ရပ်​ကွက်​ထဲက မြို့မဗလီ နဲ့ အမှတ်​ ၁၁ ရပ်​ကွက်ထဲက မင်္ဂလာဂျာ​မေ ဗလီမှာ ​ပြန်​လည်​ဝတ်​ပြုခွင့်ရရှိဖို့အတွက် အဲဒီရပ်​ကွက်​ ၂ ခုအတွင်းမှာရှိတဲ့ အိမ်​​ထောင်​စု တစုကို မဲဆန္ဒတ​ခုပေးခွင့်ရပြီး ဆန္ဒမဲ လိုက်​လံကောက်ခံနေတယ်​လို့ ရပ်​​ကွက်​အုပ်​ချုပ်​​ရေးမှူးတွေက ပြောပါတယ်။ ဆန္ဒမဲ ကောက်ယူတာကို ၂ ရက်တာ ပြုလုပ်သွားမှာဖြစ်ပြီး မဲဖောက်ရေတွက်ချိန်မှာလည်း အများရှေ့မှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ အမှတ် ၉ ရက်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဆိုပါ ရပ်​ကွက်​ ၂ ခုမှာ ဆန္ဒမဲ​ပေးနိုင်​သူ ၇၀၀ ကျော်ရှိပြီး အိမ်​​ထောင်​စု တစုက အိမ်​​ထောင်​ဦးစီး သို့မဟုတ်​ အသက်​ ၁၈ နှစ်​ပြည့်ပြီး သူကိုယ်​စားလှယ်​က မဲဆန္ဒ လျှို့ဝှက်​စနစ်​နဲ့ ​ပေးခွင့်​ရှိတယ်​လိုသိရပါတယ်​။ အဆိုပါ ဗလီနှစ်​ခုဟာ ၂၀၀၆ ခုနှစ်​ က ဘာသာ​ရေး အဓိကရုဏ်းဖြစ်​ပြီး ပျက်​စီးခဲ့လို့ ပိတ်​သိမ်းထားခဲ့တာဖြစ်​ပါတယ်​။ ​ချောက်​မြို့မှာ ရပ်ကွက် ၁၅ ခုရှိပြီး  အဆိုပါ ရပ်ကွက် (၂) ခုကိုသာ မဲဆန္ဒကောက်​ယူ​နေတဲ့အ​ပေါ် ​ဝေဖန်​မှုတွေလည်းရှိ​နေပါတယ်​။ ကိုလင်း (ချောက်)
2 years Ago
Up