ချောက်ဆေးရုံကြီး

May 10, 2019

ချောက်​တွင်​ heat stroke ​ကြောင့် ၁ ဦး သေဆုံး

မြန်​မာနိုင်​ငံ အပူချိန်​အမြင့်ဆုံး မြို့ဖြစ်​​နေတဲ့ ​ချောက်​မြို့မှာ အပူလျှပ်ရောဂါ (heat stroke) ​ကြောင့် ​၁ ​ဦးသေဆုံးပြီး ကုသမှု ခံယူ​နေသူ ၂ ဦး ရှိ​နေတယ်​လို့ ​ချောက်​ကုတင်​ ၅၀ ပြည်​သူ့​ဆေးရုံ ဆရာဝန်​က ​ပြောပါတယ်​။ “​သေဆုံးသွားတဲ့ လူနာဆိုတာက​တော့ ​မေ ၃ ရက်​​နေ့က၊ ​ဆေးကုသမှုကို ခံယူချိန်​မရလိုက်ဘူး၊ လမ်းမှာကတည်းက အသက်​ဆုံးလာတဲ့ပုံ၊ အဖျား​တော့ တိုင်​ရ​သေးတယ်​ ၁၀၈ ရှိတယ်​။ ​နေ့ခင်း ၁ နာရီခွဲ​လောက်​မှာ သတိလစ်​မူးလဲပြီး ဖြစ်​လာတာ အသက်​က ၅၃ နှစ်​၊​ နေတာက အုံမြားကြီး​ကျေးရွာက။ အဲဒီက​နေ မနက်​ ၈ နာ​လောကှ်ာ ​ခေါင်​​လျှော်​​ရေချိုးလာပြီး ​ချောက်​​ဈေးမှာ ​ဈေးဝယ်​ရင်း မနက်​ ၉ နာ​ရီ​လောက်​က မူးလဲခဲ့တယ်​။ ခဏ​လေးနဲ့သတိပြန်​ရပြီး ​တော့ ​ဆေးရုံေ​တွေ ဘာ​တွေ မလာ​တော့ဘဲ သူသွားချင်​တဲ့ သူ့သား​နေတဲ့ ​အေးရွာ ဆက်​သွားပြီး ၁၀ နာ​ရီ​လောက်​မှာ စပြီးကိုယ်​ပူချိန်​တက်​လာတယ်၊​ အ​ကျောကပ်​လာတယ်၊​ အသက်​ရှူသံ​တွေ မမှန်​​တော့ဘူး။ အဲဒီက​နေ ​နေခင်း ၁ နာရီခွဲမှာ သတိလစ်​လို့ သုံးဘီးနဲ့ ​ဆေးရုံပို့တာ ဒီ​ရောက်​​တော့ ၂ နာရီ၊ အသက်​ပါမလာ​တော့ဘူး” လို့ ​ဒေါက်​တာ ဟန်​နီမိုးဆန်းက ​ပြောပါတယ်​။ ​ဆေးရုံမှာ​ ​ဆေးကုသမှု ခံယူနေတဲ့ heat stroke ​ဝေနာရှင်​ အသက်​ ၄၈ နှစ်​အရွယ် အမျိုးသားတဦးနဲ့ အသက်​ ၆၂ နှစ်​ အမျိုးသမီး တ​ဦးကို​တော့ အ​ရေ​ပေါ် အနီးကပ်​ ​စောင့်ရှောက်​ ကုသပေးနေတယ်​လို့ သိရပါတယ်​။ ​ချောက်​မြို့ အပူချိန်​ဟာ မြင့်တက်​​နေပြီး ​မေ ၉ ရက်​​နေ့ တိုင်းတာချက်​အရ ၄၇ ဒသမ ၁ ဒီဂရီစင်​တီဂရိတ်​နဲ့ အမြင့်ဆုံးအပူချိန်​ စံချိန်​သစ်​ တင်​ခဲ့တယ်လို့ ​ချောက်​မြို့ မိုး​လေဝသနဲ့ ဇလ​ဗေဒ တိုင်းထွာ​ရေးစခန်းက သိရပါတယ်​။
2 years Ago
Up