ချောက်တွင် ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် စက္ကူအိတ်နှင့်အင်ဖက်များ အခမဲ့ပေးဝေ

A d v e r t i s e m e n t With Us

July 14, 2019

ချောက်တွင် ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် စက္ကူအိတ်နှင့်အင်ဖက်များ အခမဲ့ပေးဝေ

မကွေးတိုင်း ချောက်မြို့ မြို့မဈေးမှာ  ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အစားထိုး စက္ကူအိတ်တွေ၊ အင်ဖက်တွေ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက အခမဲ့ လိုက်လံပေးဝေခဲ့ပါတယ်။ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက `လိုက်​လုပ်​ပြ​တော့ ​ဈေးသူ​ဈေးသား​ကော၊ ​ဈေးဝယ်​သူ​တွေ​ကောက စိတ်​ဝင်​စားတယ်။ အစားထိုးသုံးရတဲ့ စက္ကူ အိတ်​တို့ အင်​ဖက်​တို့ကို ဝယ်​ဖို့ခက်​လို့သာ သုံး​နေကြတာလို့လည်း​ပြော​တော့ စည်​ပင်​ကသာ အင်​ဖက်​တို့ စက္ကူ အိတ်​တို့ကို တင်​​ပေးထားနိုင်​ရင်​ ​အောင်​မြင်​ဖို့ ရာခိုင်းနှုန်း အလားအလားများတယ်​” လို့​ပြောပါတယ်​။ မြို့မ ဈေးတွင်း၊ ဈေးပြင်ရှိ အသားရောင်းဆိုင် ၃၀ နဲ့ ကုန်ခြောက်ဆိုင် ၆၀ ကို အစားထိုးအသုံးပြုနိုင်တဲ့ စက္ကူအိတ်၊ အင်ဖက်တို့ကို အခမဲ့ပေးဝေခဲ့ပြီး ​ဈေးဆိုင်တွေမှာ ကြွပ်ကြွပ်အိပ်လျော့ချ သုံးစွဲကြစို့၊ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားကြပါ စာတန်းပါ စတစ်ကာတွေ လိုက်​ကပ်​ကြပြီး ကြွပ်ကြွပ်အိတ်လျော့ရသုံးစွဲဖို့ ဈေးဆိုင်အားလုံးကို အသိပညာပေး လက်ကမ်းစာစောင်ပေးဝေးခဲ့တယ်​လို့ သိရပါတယ်​။ အပတ်​စဉ်​ တနင်္ဂ​နွေ ​နေ့တိုင်း ​ချောက်​မြို့နယ်​ ​အတွင်းရှိ ​​မြို့မ​ဈေး၊ စ​လေ​ဈေး၊ ​ဈေး​လေးတွေ အားလုံးကို အလှည့်​ကျ ​ဆောင်​ရွက်​သွားမယ်လို့ မြို့နယ်​စည်​ပင်​သာယာ​ရေး အဖွဲ့က​ ပြောပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up