ချောက်ကမ်းပါးပေါ် အဝတ်ကြိုးတန်းသဖွယ် စွမ်းရည်ပြခဲ့ကြသည့် စတန့်သမားများ

June 13, 2017

ချောက်ကမ်းပါးပေါ် အဝတ်ကြိုးတန်းသဖွယ် စွမ်းရည်ပြခဲ့ကြသည့် စတန့်သမားများ (ရုပ်သံ)

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒါဟာ ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ လူသား အဝတ်ကြိုးတန်းတခုလိုပါပဲ။ ဒါပေမယ့် ဒါဟာ ခက်ခဲတဲ့ စွန့်စားမှုတခုဖြစ်ပြီး အနက်ပေ ၄၀၀ ရှိတဲ့ ချောက်ကမ်းပါးပေါ်ကနေ ကြိုးတန်းလျှောက်သမားတွေနဲ့ အမြင့်ခုန်သမားတွေ စုပေါင်း သရုပ်ပြသခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ ချောက်ကမ်းပါးပေါ်မှ အဝတ်ကြိုးတွေနဲ့ တွဲလောင်းကျလျက်သား အနေအထားကို တွေ့မြင်ရတာဟာ အသည်းယားစရာ ကောင်းလှပါတယ်။ စွန့်စားစတန့်သမားတွေဟာ ကြိုးတန်းပေါ်ကနေ လျှောက်ပြခဲ့ပြီး ချောက်အလယ်တည့်တည့် ရောက်ချိန်မှာ လေထီးနဲ့ခုန်ချကာ ခုလို စတန့်ထွင် သရုပ်ပြသခဲ့ကြတာလို့ ဆိုပါတယ်။ ဓာတ်ပုံနဲ့မှတ်တမ်းတင်ခဲ့သူတဦးဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ကိသ်စမစ်အမည်ရ အမျိုးသားက “အနက်ပေ ၄၀၀ ရှိတဲ့ ချောက်ကမ်းပါးစွန်းပေါ်က ခုလို သရုပ်ပြသခဲ့ကြတာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီပုံတွေဟာ ဘယ်တော့မှ မေ့နိုင်တော့မယ့်ပုံတွေ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
4 years Ago
Up