တရုတ်နိုင်ငံ၊ စီချွမ်ခရိုင်ထဲက ဟွာရှီကျေးရွာဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မီတာ ၁၄၀၀ ရှိတဲ့ တောင်စောင်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာကလေးတရွာပါ။
အဲဒီကျေးရွာမှာ တရုတ်နိုင်ငံရဲ့ လူနည်းစုလူမျိုးတွေဖြစ်တဲ့ ယီလူမျိုးတွေ အများစု နေထိုင်နေကြတာဖြစ်ပြီး သူတို့နေထိုင်ရာနဲ့ ပြင်ပကမ္ဘာကြားက ဆက်သွယ်နေမှုဟာ အန္တရာယ်ခရီးရှည်တခုလိုပါပဲ။
ကျေးရွာကို တောင်စောင်းအမြင့်ပေါ်မှာ တည်ထားခဲ့တဲ့အတွက် ကျေးရွာသူကျေး ရွာသားတွေအနေနဲ့ သူတို့ရဲ့ တောင်အောက်ဆင်းလမ်းကို ကြိမ်တွေနဲ့ ပြုလုပ်ထားတဲ့ ကြိုးလမ်းတွေအဖြစ်ဟာ ကာလအတန်ကြာ အသုံးပြုခဲ့ကြရတာပါ။
ကျေးရွာထဲမှာ ကျောင်းနေအရွယ်ကလေးငယ် ၁၅ ဦးရှိပြီး သူတို့ဟာ ကျောင်းနဲ့ ကျေးရွာကြား အိမ်ပြန်ချိန်တွေမှာ လစဉ် ကြိမ်လှေကားကို ၃ ကြိမ်လောက်အသုံးပြုကြရ တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ကျေးရွာနေသူတွေထဲက အငယ်ဆုံးကလေးဟာ ၆ နှစ်အရွယ်ဖြစ်ပြီး ဖခင်ကချီပိုး ပြီး အန္တရာယ်အပြည့်နဲ့ ချောက်ကမ်းပါးစွန်း ကြိမ်လှေကားကို အသုံးပြုတက်ရောက်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အဲဒီခရီးလမ်းဟာ အချိန် ၁ နာရီလောက်ကြာအောင် တက်ရောက်ကြရတာပါ။
လမ်းတလျှောက်ခုလိုခက်ခက်ခဲခဲ အသုံးပြုရာမှ ရွာသား ၇ ယောက် ၈ ယောက် လောက်ဟာ ပြုတ်ကျခဲ့ဖူးတယ်လို့ ရွာလူကြီးက ပြောပါတယ်။
ကျေးရွာအနေနဲ့ လျှပ်စစ်စက်လှေကားကို အသုံးပြုသင့်ပေမယ့် ဈေးကြီးလွန်းတဲ့ အတွက် အသုံးပြုဖို့ အားမထုတ်နိုင်ဘူးလို့ သူက ပြောပါတယ်။
5 years Ago