မင်္ဂလာပွဲ အခမ်းအနားတွေကို သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်ပြုလုပ်လေ့ ရှိကြပေမယ့် ခုလိုပြုလုပ်တဲ့ အခမ်းအနားကတော့ တကယ့်ကို အံ့သြစရာ ကောင်းနေပါတယ်။
ဒီမင်္ဂလာပွဲကတော့ သတို့သား ရိုင်ယန်နဲ့ သတို့သမီး ကင်မ်တို့အတွက်သာမက ကြည့်ရှုသူတွေကိုပါ ရင်သပ်ရှုမော အံ့သြသွားစေတဲ့ အခိုက်အတန့်ပါပဲ။
သူတို့ဟာ မြေပြင်ကနေ ပေ ၄၀၀ အမြင့်ရှိတဲ့ ချောက်ကမ်းပါးအစွန်းကနေ ဖန်တီးထားတဲ့ အာကာသပိုက်ကွန်ထဲမှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်း အော့တ်ဝါပြည်နယ်ထဲက ချောက်ကမ်းပါးစွန်းမှာ ဖြစ်ခဲ့တာပါ။
အစွန်းတဖက်ကနေ အောက်ကိုကြည့်လိုက်ရင် ထိတ်လန့်ဖွယ် မြင်တွေ့ရမယ့် မြင်ကွင်းတွေကြား သတို့သား၊ သတို့သမီး ၂ ဦးဟာ ကြိုးတန်းမှတဆင့် လျှောက်လာခဲ့ကြတာပါ။
သူတို့ ၂ ယောက်စလုံးဟာ ကြိုးတန်းလမ်းလျှောက် အားကစားထူးချွန်သူတွေဖြစ်ကြပြီး တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။
ခုလိုကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ အပေါ်ဆုံး အာကာသပိုက်ကွန်ကနေ လေထီးခုန် အလှပြတာတွေ၊ စွန့်စား သရုပ်ပြ ကြိုးတန်းလမ်းလျှောက်တာတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မက်တဒေါ်နက်ဝပ်ခ် ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက တင်ထားခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
4 years Ago