ချေချင်းညာ

March 19, 2019

ချေချင်းညာ လူ့အခွင့်အရေးလှုပ်ရှားသူ ထောင်ဒဏ်ချခံရမည့် အရေးနှင့် ရင်ဆိုင်နေရ

ရုရှားနိုင်ငံ ချေချင်းညာဒေသထဲမှာရှိတဲ့ ရှာလီမြို့ တရားရုံးက ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အာယွတ်ဖ် တီတီယက်ဗ်ဟာ ထောင်ဒဏ်စီရင်ချက် ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ချေချင်း လူ့အခွင့်အရေးအုပ်စုခေါင်းဆောင် အသက် ၆၁ နှစ်အရွယ် သူ့ကို ထောင်ဒဏ် လေးနှစ် ပြစ်ဒဏ်ချဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုထားပါတယ်။ သူဟာ မနှစ်က ဆေးခြောက်လက်ဝယ်တွေ့မှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။ သူ့ကိုလွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ဥရောပလွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ ဟာကွက်တွေရှိနေပြီး သူ့ကိုနှုတ်ပိတ်ဖို့ ရည်မှန်းထားတဲ့ အမှုလို့လည်း ပြောပါတယ်။ ရုရှားရဲတွေဟာ အာယွတ်ဖ်ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ သူ့ကို ရပ်ခိုင်းပြီး ရှာဖွေရာ သူ့ကားထဲမှာ ဆေးခြောက်တွေ့လို့ ၂၀၁၈ ဇန်နဝါရီလမှာ ဖမ်းခဲ့တာပါ။ အဲဒီနောက် ဆေးခြောက် ၇ အောင်စကျော်ကို တရားမဝင် ပိုင်ဆိုင်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီအမှုဟာ အာယွတ်ဖ်ကို နှိပ်ကွပ်ဖို့နဲ့ သူ့အလုပ်အတွက် အပြစ်ပေးဖို့ ပစ်မှတ်ထားတဲ့ လုံးဝ ကျော်မကောင်း ကြားမကောင်းမှုပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒုညွှန်မှူး ရာချယ် ဒန်ဘာက ပြောပါတယ်။ ချေချင်းခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဖ်ကလည်း ရုရှားဒေသအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ပိတ်ပင်ဖို့ ကတိပြုထားပါတယ်။ ကာဒီရော့ဖ်ဟာလည်း လူ့အခွင့်အရေးကို စနစ်တကျ အလွဲသုံးစားလုပ်မှုတွေမှာ ကြီးကြပ်ကွပ်ကဲနေတယ်လို့ ထပ်ခါတလဲ စွပ်စွဲခံထားရပါတယ်။
2 years Ago
Up