ခေါင်းပြတ်ဆိုင်ကယ်သမား

May 24, 2016

ထိုင်းခေါင်းပြတ်ဆိုင်ကယ်မောင်းသမား အင်တာနက်ပေါ်တွင် ရေပန်းစား (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက လမ်းမတခုပေါ်မှာ ဖြတ်သွားတဲ့ ဦးခေါင်းမပါဘဲ ဆိုင်ကယ်စီးလာသူတဦးကို လမ်းသွားလမ်းလာတဦးက မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ယူနိုင်ခဲ့ပြီးနောက် အင်တာနက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ အဲဒီပုံရိပ်တွေကို အသက် ၃၇ နှစ်အရွယ် ဝေါ်ရာရွတ်အက်ခ်ပရာယွန် အမည်ရ အမျိုးသားက အခုလအစောပိုင်းမှာ မှတ်တမ်းတင် ရိုက်ယူခဲ့တယ်လို့ ထိုင်းအခြေစိုက် ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ ခေါင်းပြတ်ဆိုင်ကယ်သမား တွေ့ခဲ့တာကို သက်သေပြနိုင်ဖို့ ခုလို ရိုက်ယူခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ခေါင်းပြတ်ဆိုင်ကယ်သမား ဖြတ်သွားချိန်မှာ (ကင်မရာမြင်ကွင်းပေါ်မှာ) တခြားယာဉ်တွေ ဖြတ်သွားတာမျိုး မရှိအောင် ဂရုတစိုက် ရိုက်ယူခဲ့ပြီး သူ့အနေနဲ့ ဒီဓာတ်ပုံတွေကို ပြုပြင်ထားတာမဟုတ်ဘူးလို့ ပြောပါတယ်။ ဦးခေါင်းမပါတဲ့ ဆိုင်ကယ်သမားဟာ အပေါ်ပိုင်း ဗလာကျင်းလျက် အခြေအနေနဲ့ လမ်းမပေါ် ဖြတ်မောင်းသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီဆိုင်ကယ်နံပါတ်ပလိတ်ပြားဟာ အမျိုးသမီး ပိုင်ရှင်တဦးနဲ့ ဆက်စပ်နေပြီး ခုလိုဖြစ်ရပ်နဲ့ ဆက်စပ်မရနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းအင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားနေပြီး အကြိမ်ပေါင်း ၆၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up