ခေါင်းဆောင် ၃ ဦးကိုခေါ်ယူစစ်ဆေး

January 18, 2018

လွိုင်ကော်တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခဲ့သည့် ခေါင်းဆောင် ၃ ဦးကိုခေါ်ယူစစ်ဆေး

ငြိမ်းစုစီ ပုဒ်​မ ၁၉နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လူငယ်​ ၅ ဦးရဲ့ တရားရုံးထုတ်ကို လူထု ၁၀၀၀ ​လောက်​စုရုံးပြီးလာရောက်ခဲ့ရာမှာ  ဦး​ဆောင်သူ ၃ ဦးကို ရဲတပ်ဖွဲ့က ​ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်။ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမား သမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်​တို့ကို လွိုင်​​ကော်​မြို့နယ်​ ရဲမှူးက ဇန်​နဝါရီ ၁၇ ရက်​​က ​ခေါ်ယူစစ်​​ဆေးခဲ့တာပါ။ ကရင်​နီပြည်​ ​တောင်​သူလယ်​သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​က “ဒီရက်​က စစ်​​ဆေးပြီး​တော့ ခုမှပြန်​​ရောက်​တာ၊ ၁၉ ရက်​​နေ့ကျရင်​ တရားရုံးသွားဖို့ လက်​မှတ်​ထိုးခဲ့ပါတယ်​။ ၁၉ ရက်​​နေ့ကျရင်​ တရားရုံးသွားရဦးမှာ​ပေါ့” လို့​ပြောပါတယ်​။ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၀ ရက်​​က ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးတို့ ပစ်သတ်ခံရတာကို  ကန့်​ကွက်​ရှုတ်​ချ​​ကြောင်းနဲ့ အမှန်​တရား​ပေါ်​ပေါက်​ဖို့် ဒီဇင်​ဘာ ၂၂ ရက်​​က ဆန္ဒထုတ်​​ဖော်​​တောင်းဆိုခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၅ ဦး ငြိမ်းစုစီနဲ့ တရားစွဲထောင်ချခံ ခဲ့ရပါတယ်​။ ဒီလူငယ်​ ၅ ဦးကို ဇန်​နဝါရီ ၅ ရက်​​က  လွိုင်​​ကော်​မြို့နယ်​တရားရုံးကို ရုံးထုတ်ရာမှာ လူစုပြီး လိုက်​ပါပို့​ဆောင်​ခဲ့တဲ့ ဦး​ဆောင်​သူ ၃ ဦးကိုလည်း  ငြိမ်းစုစီ ပုဒ်​ ၁၉ နဲ့ ထပ်​မံတရားစွဲဆို ခံရဖို့ရှိနေတယ်လို့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​ကပြောပါတယ်။ “ဒီလို ပုဒ်​မ ၁၉ နဲ့ ထပ်​ပြီး တရားစွဲမယ်​ဆို​တော့ ဒီသံသရာကဆုံးမှာ မဟုတ်​ဘူး​ပေါ့။ အခုတရားထပ်​စွဲမယ်​ဆို​တော့ ​နောက်​ထပ်​လည်း လာဦးမယ်​လို့ ကျ​နော်​အ​နေနဲ့ ကြိုပြီး ​ပြောချင်​တယ်​။ ဒီအမှုက ဘာတခုမှ ​ရှင်းလင်းချက်​မ​ပေးဘဲနဲ့ ဒီလိုဘဲ တရားစွဲမယ်​ဆို ပြီးမှာ မဟုတ်​ဘူး​” ဇန်​နဝါရီလ ၁၅ ရက်​​နေ့ ကယားပြည်​နယ်​​နေ့တွင်​ လူငယ်​ ၅ ဦးကို ဖမ်းဆီးထောင်​ချတဲ့ အ​ပေါ် ရှုတ်​ချ​ကြောင်း လက်​ကမ်းစာ​စောင်​​တွေ ဖြန့်​​ဝေခဲ့တဲ့ လူငယ်​​တွေကို အာဏာပိုင်​​တွေက တားမြစ်​ပြီး လက်​ကမ်းစာ​စောင်​​တွေကို သိမ်းဆည်းခဲ့ပါတယ်​။ အမှန်​တရား​ဖော်​ထုတ်​တဲ့ လူငယ်​ ၅ ဦးကို ဖမ်းဆီး​ထောင်​ချတဲ့အ​ပေါ် အရပ်​ဘက် ​အဖွဲ့အစည်း ၆ ဖွဲ့က ကန့်​ကွက်​ရှုတ်​ချ​ကြောင်း ကြေညာထားပြီး ကယားပြည်​နယ်မှာရှိတဲ့ လက်​နက်​ကိုင်​ အဖွဲ့ ၂ ဖွဲ့ကလည်း ချက်ချင်း ပြန်လွှတ်​​ပေးဖို့ ပူးတွဲ ​​တောင်းဆိုထားပါတယ်​။ သတင်း - ခွန်​တူးတူး​လေး
3 years Ago
Up