ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

May 21, 2018

အီရတ်နှင့်အီရန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

အီရတ်ဘာသာရေးခေါင်းဆောင် ဆောင်ဒရူဟာ အီရန်လိုလားတဲ့ နိုင်ငံရေးခေါင်းဆောင် အာမီရီနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီရတ် ရွေးကောက်ပွဲအနိုင်ရသူအဖြစ် ကြေညာခံရတဲ့ နိုင်ငံရေးအုပ်စုက ဘာသာရေးခေါင်းဆောင် မိုတာဒါအယ်လ် ဆောင်ဒရူဟာ အီရန်လိုလားတဲ့ နိုင်ငံရေး အုပ်စု ခေါင်းဆောင် ဟာဒီအယ်လ် အာမီရီနဲ့ မေလ ၂၀ ရက်နေ့က တွေ့ဆုံပါတယ်။ အယ်လ်ဆောင်ဒရူကတော့ အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့ ဖြစ်ရေး ညှိနှိုင်းဆွေးနွေးမှုရဲ့ အစိတ်အပိုင်းအဖြစ် ပုံဖော်ပါတယ်။ အစည်းအဝေးအတွင်း တချိန်က နိုင်ငံရေး ပြိုင်ဘက်တွေဟာ ၂၀၁၈ လွှတ်တော် ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆောင်ဒရူရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ အီရတ်နိုင်ငံတွင်း သြဇာအကြီးဆုံး ပုံရိပ်တွေထဲက တခုဖြစ်တဲ့ အာမီရီဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆယ်စုနှစ်ချီ ထိန်းသိမ်းထားခဲ့တာပါ။ ဆောင်ဒရူကို လိုလားသူတွေကတော့ ဘတ်စ်ရာမြို့မှာ စီတန်းလှည့်လည်ရင်း အစိုးရဖွဲ့ဖို့ ကာလကြာပြီး ခက်မယ့် ဆွေးနွေးပွဲတွေကြောင့် နိုင်ငံရေးကနေ ထွက်သွားရမှာ စိုးရိမ်ကြောင်း ပြခဲ့ကြပါတယ်။ မြို့လယ်မှာ လူငါးရာလောက် ချီတက်ခဲ့ပြီး ဆောင်ဒရူကို ထောက်ခံကြောင်းပြတဲ့ ဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ပါတယ်။ အီရတ်မှာ အီရန်ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်ပြီး အမေရိကန်ရဲ့ ရန်သူလည်းဖြစ်တဲ့ ဆောင်ဒရူဟာ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်တော့ မဖြစ်လာ နိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဆိုင်ရွန် နိုင်ငံရေးအုပ်စုက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ညှိနှိုင်းပွဲတွေမှာ အားကောင်းတဲ့ ပြောခွင့်ရ နေရာကို ခန့်ထားနိုင်တယ်လို့ မီဒီယာတွေက အစီရင်ခံကြပါတယ်။
4 years Ago
Up