တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က သတင်းထုတ်ပြန်ပါတယ်။
မွန်းနဲ့ ကင်တို့ဟာ နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်ထားတဲ့ ပန်မွန်ဂျွန်းရွာရဲ့ မြောက်ကိုရီးယားဘက်ခြမ်းမှာ တွေ့ဆုံခဲ့ကြတာပါ။
“သမ္မတနှစ်ဦးဟာ ပန်မြွန်ချွန်းကြေညာချက်ကို အကောင်အထည်ဖော်ဖို့နဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အောင်အောင်မြင်မြင် ပေါ်ပေါက်လာဖို့ နည်းလမ်းတွေကို အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြတယ်” လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က သတင်းထုတ်ပြန်လိုက်တာပါ။
အခုတစ်ကြိမ်ဟာ တောင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေ လပိုင်းအတွင်း ဒုတိအကြိမ်တွေ့ဆုံမှုပါ။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအကြောင်းအရာ အသေးစိတ်ကို ဒီနေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
5 years Ago