ခေါင်းဆောင်ပြော

September 23, 2017

ရလဒ်ဆိုးများအတွက် စုစည်းညီညွတ်ကြရန် ရီးရဲလ်အသင်းခေါင်းဆောင်ပြော

ရလဒ်ဆိုးရွားမှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် အဖြေရှာကြဖို့နဲ့ စုစည်းညီညွတ်ကြဖို့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဥရောပ ချန်ပီယံရီးရဲလ်မက်ဒရစ် အသင်းဟာ ကြားရက်ကစားတဲ့ လာလီဂါပွဲစဉ်မှာ ဘက်တစ်အသင်းကို အိမ်ကွင်းမှာပဲ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရာနူန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့  ဘာစီလိုနာနဲ့ ၇ မှတ်အထိ ကွာဟသွားပါတယ်။ လက်ရှိကစားသမားတွေဟာ ပြီးခဲ့တဲ့တစ်လလောက်ကမှ ချန်ပီယံဆုဖလားတွေရယူခဲ့ တဲ့ သူတွေဖြစ်ပြီး ဘာကြောင့် ရလဒ်ဆိုးနေတာကို မသိရှိတဲ့အကြောင်း ရာမို့စ်ကဆိုပါတယ်။ ဒါ့အပြင် လက်ရှိရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး နောက်ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြရဖို့ လိုတယ်လို့လည်း ရာမို့စ်ကပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် စက်တင်ဘာ ၂၃ ရက်မှာ အလာဗက်စ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
4 years Ago
Up