ခေါင်းညှပ် (ရုပ်သံ)

November 19, 2017

သံတန်းကျော် လမ်းဖြတ်ကူးသူ အမျိုးသမီး ပြုတ်ကျပြီး သံတန်းကြားထဲ ခေါင်းညှပ် (ရုပ်သံ)

တရုတ်နိုင်ငံမှာ အမျိုးသမီးတဦး လူကူးမျဉ်းက လမ်းမကူးပဲ လမ်းမကြီး ၂ ခုကြားမှာ ခြားထားတဲ့ သံတန်းတွေကို ကျော်ကာ လမ်းဖြတ်ကူးခဲ့ရာမှာ မတော်တဆ ဖြစ်ပြီး သံတန်းတွေကြားထဲ ခေါင်းညှပ်သွားတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ တရုတ်နိုင်ငံ ဂျက်ဂျီရန်ခရိုင် ဝမ်ဂျိုးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသမီးကြီးက ပုံမှန် လူကူးမျဉ်းကြားက လမ်းမကူးဘဲ မြို့လယ်ခေါင် လမ်းမကြီး ၂ ခုကို ခြားထားတဲ့ သံတန်းတွေကို ကျော်ပြီး လမ်းကို အလွယ်ကူးဖို့ ကြိုးစားခဲ့တာကို စောင့်ကြည့်ကင်မရာတွေက ရိုက်ကူးမိတာပါ။ အမျိုးသမီးက လမ်းလယ်က သံတန်းတွေကို မကျော်နိုင်ဘဲ ပြုတ်ကျပြီး သံတန်းတွေကြား ခေါင်းညှပ်သွားတာကို ရုပ်သံထဲ မြင်ရပါတယ်။ မီးသတ်သမားတွေ အခင်းဖြစ်ရာနေရာကို ရောက်လာပြီး သံတိုင်တွေကို ဖြတ်ပြီး သူမကို ကယ်တင်လိုက်နိုင်တယ်လို့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up