ခေါင်းချင်းဆိုင်တိုက်

June 16, 2017

လမိုင်းမြို့တွင် ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ကနင်တမော့ကျေးရွာအနီးကားလမ်းမှာ ဇွန် ၁၅ ရက်နေ့က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိကြပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လမိုင်းနယ်မြေရဲစခန်းထံမှ သိရပါတယ်။ ရေး-မော်လမြိုင်လမ်းမပေါ်မှာ မော်လမြိုင်ကနေ ရေးဘက်သွားတဲ့ ဦးသော်တာလင်း မောင်းတဲ့ တိုယိုတာ ဟိုက်အေ့စ်ကားက အရှေ့ကသွားနေတဲ့ကားကို ကျော်တက်ရင်း တဖက်ယာဉ်ကြောကလာတဲ့ ဦးအေးလွင်မောင်းတဲ့ ဘွန်ဂို ၃ အမျိုးအစားကားကို မျက်နှာချင်းဆိုင် တိုက်မိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေအနက် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကတော့ စိုးရိမ်ရပြီး ဆေးရုံတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လမိုင်းနယ်မြေရဲစခန်းက ယာဉ်မောင်း ကိုသော်တာလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ အပြင်းထန်ဒဏ်ရာရစေမှုတွေနဲ့ အမှုဖွင့်ပါတယ်။ နေမျိုးထွဋ် (ရေး)
4 years Ago
Up