ခေါက်လို့ရသည့်

November 10, 2018

ခေါက်လို့ရသည့် မိုဘိုင်းဖုန်း ဆမ်ဆောင်း မိတ်ဆက် (ရုပ်သံ)

လူအများမျှော်လင့်စောင့်စားနေတဲ့ ခေါက်လို့ရတဲ့ မိုဘိုင်းဖုန်းကို ဆမ်ဆောင်းကုမ္ပဏီက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့  SAMSUNG DEVELOPERS CONFERENCE မှာ ခေါက်လို့ရတဲ့ ဖုန်းကို မိတ်ဆက်ပြသခဲ့သလို အဲဒီဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ မိုဘိုင်းစကရင်မ် အသစ်ကိုလည်း ပြသခဲ့ပါတယ်။ ဒီခေါက်လို့ရတဲ့ ဖုန်းအတွက် အပ်ပလီကေးရှင်းတွေ ရေးပေးဖို့ အန်းဒရိုက် ပရိုဂရမ်မာတွေကိုလည်း တိုက်တွန်းထားပါတယ်။ “ဒီကနေ့ဟာ သမိုင်းမှတ်တိုင်ကြီးတခု စိုက်ထူတဲ့နေ့ဖြစ်ပါတယ်။ တကယ့်ဘ၀ကြီးဟာ ဘယ်လိုနေလဲ ဘယ်လို လှုပ်ရှားသွားလာနေလည်း အားလုံးသိချင်ကြမှာပါ။ အခု အဲဒါက ဒီနေရာကို ရောက်လာပါပြီ။ ဖွင့်လိုက်တဲ့အခါ စကရင်မ်အကြီးကြီးနဲ့ တက်ဘလက် တခုဖြစ်ပါတယ်။ သိပ်ကို မိုက်ပါတယ်။ အခု ပိတ်လိုက်ပြီ။ အိတ်ကပ်ထဲ ထည့်သယ်သွားလို့ရတဲ့ ဖုန်းတလုံးပါပဲ။ ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အားလုံး ထုတ်ပြလိုက်ရင် ကျနော် ဒုက္ခရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ ဒီဇိုင်းနဲ့ ပတ်သက်တာလေးတွေကို ဒိုင်လျှိုလေး လုပ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်ပါဗျ။ ဒီဖုန်းထဲက ပစ္စည်းလေးကို ခင်ဗျားတို့ လက်ဖျားခါသွားစေရမယ်။” လို့ ဆမ်ဆောင်း မိုဘိုင်းထုတ်ကုန် ဈေးကွက်ဖြန့်ချိရေးမှ  ဂျပ်စတင်ဒန်နစ်ဆင်က ပြောသွားပါတယ်။ ပုံမှန်အားဖြင့် တက်ဘလက်တို့ လက်ပ်တော့တို့နဲ့ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ငန်းဆောင်တာတွေကို  ခေါက်လို့ရတဲ့ ဖုန်းတွေနဲ့ လုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
2 years Ago
Up