ခေါက်ဆွဲခြောက်ထုပ်

August 6, 2015

အသင့်စားနိုင်သည့် တရုတ် ခေါက်ဆွဲထုပ် ကျန်းမာရေးနှင့် မညီဟုဆို

တရုတ်နိုင်ငံမှာ လူသိများတဲ့ အသင့်စား ခေါက်ဆွဲထုပ် မာစတာကောင်တံဆိပ်ဟာ သြဂုတ် ၂ ရက်က ဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီး ခရီးသွားဧည့်လမ်းညွှန်တဦးက ဒီကုမ္ပဏီက ထုတ်ထားတဲ့ ထုတ်ကုန်တိုင်းကို မ၀ယ်ဖို့ တရုတ်ပြည်မက ခရီးသွား ဧည့်သည်တွေကို ပြောဆိုတဲ့ ဗွီဒီယိုဖိုင် ပျံ့နှံ့သွားပြီးတဲ့နောက် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာ အသင့်စားနိုင်တဲ့ ခေါက်ဆွဲတွေက တွေ့နေကျ အစားအသောက်တမျိုးဖြစ်ပြီး မာစတာကောင်တံဆိပ်ကတော့ တရုတ်ပြည်မမှာ ဈေးကွက်အမြောက်အမြား ရထားသလို နှစ်ပေါင်းများစွာ သန်းချီတဲ့ လူတွေ စားသုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးကွန်ရက်မှာ ပျံ့နှံ့သွားတဲ့ ဗွီဒီယိုကြောင့် မာစတာကောင်ကို ထုတ်လုပ်တဲ့ မိခင်ကုမ္ပဏီ တင်ကြီးရဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး လူတွေက တုံ့ပြန်မှုတွေ ရှိလာပါတယ်။ မသန့်စင်တဲ့ဆီတွေ အသုံးပြုမှုမှာ ထိုင်ဝမ်က ထုတ်လုပ်တာတွေက ပိုမြင့်နေသလို ထိုင်ဝမ်က လူအများစုက တင်ကြီးကုမ္ပဏီထုတ်တဲ့ ခေါက်ဆွဲခြောက်ထုပ် အပါအ၀င် တခြား ထုတ်ကုန်တွေကို မစားဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီက ညစ်ညမ်းတဲ့ ဆီတွေကို အသုံးပြုထားတဲ့ အတွက် မစားတာလို့ ဆိုပါတယ် တင်ကြီးကုမ္ပဏီရဲ့ ပြောခွင့်ရက စွဲဆိုချက်တွေကို ငြင်းဆန်ထားပြီး အင်တာနက်ပေါ်မှာ ကောလာဟလ ဖြန့်တဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ အရင်နှစ်တွေတုန်းကလည်း ကုမ္ပဏီက အစားအသောက် အရှုပ်အထွေး ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာကလည်း ထိုင်ဝမ်က သံလွင်ဆီအတု ကိစ္စမှာ တင်ကြီး ကုမ္ပဏီက ပါဝင် ချိတ်ဆက်နေသလို ဒီအရင်နှစ်တွေကလည်း သူတို့ထုတ်ကုန်မှာ အရည်အသွေးနိမ့်တဲ့ ဆီတွေ အသုံးပြုတာကို တွေ့ရှိခဲ့ပါတယ်။ ထိုင်ဝမ်က နာမည်ကြီး ဟွာဟန်းက ဝေဘိုအကောင့်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ က ထိုင်ဝမ်မှာ မသန့်တဲ့ဆီကို အသုံးပြုတဲ့ အစားအသောက် အရှုပ်တော်ပုံမှာ တင်ကြီးက ပါဝင်ပတ်သက်ခဲ့ပြီး ပြည်မမှာ စီးပွားရေး အခွင့်အရေးကို ရှာဖွေခဲ့တာလို့ ပြောပါတယ်။
6 years Ago
Up