ကျေးလက်ဂီတအဆိုတော်

May 9, 2019

အမေရိကန် ကျေးလက်ဂီတအဆိုတော် Luke Combs သီချင်းသစ် ရေပန်းစား (ရုပ်သံ)

မျက်နှာသစ် အမေရိကန် ကျေးလက်ဂီတအဆိုတော် တယောက်ဖြစ်တဲ့ Luke Combs ရဲ့ သီချင်းသစ် Beer Never Broke My Heart ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းပေါ် ရေပန်းစားနေပါတယ်။ ဒါဟာ သူ့ရဲ့ နောက်ထပ်ထွက်ရှိမယ့် သီချင်းအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းတပုဒ်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် အဆိုတော် Luke Combs ဟာ Country Music Association က ရွေးချယ်ချီးမြှင့်တဲ့ New Artist Of the Year ဆုကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေအတွက် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ဂရမ်မီဆုအတွက် Best New Artist အနေနဲ့ ဆန်ကာတင်စာရင်း ဝင်နေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တကိုယ်တော်သီချင်းတွေ အနေနဲ့ ထွက်ရှိခဲ့တဲ့ "Hurricane"၊ "When It Rains It Pours"၊ "One Number Away"၊ "She Got the Best of Me" နဲ့ "Beautiful Crazy" သီချင်းတွေဟာ Billboard ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ နံပါတ်တစ် ဖြစ်စေခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ ခုလတ်တလော ထွက်ရှိလာတဲ့ သီချင်းမှာလည်း Luke Combs ရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူး Acoustics ပုံစံ ဂီတသံစဉ်နဲ့ တေးသွားတွေ၊ အမိုက်စားသီဆိုဟန်တွေ၊ သရုပ်ဆောင်မှုတွေကိုပါ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ယူကျုပေါ်ကတဆင့် မျှဝေထားခဲ့တဲ့ Beer Never Broke My Heart သီချင်းဟာ နာရီပိုင်းအတွင်းမှာတင် ဝင်ရောက်ကြည့်ရှု နားဆင်ကြတဲ့ အကြိမ်ရေ ၅ သိန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up