ကျော်ပိတ်ထား

August 27, 2017

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ပိတ်ထား

အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ စာသင်ကျောင်းပေါင်း ၄၀၀ ကျော် ပိတ်ထားရ တယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပိတ်ထားရတာဖြစ်ပြီး မောင်တောမြို့မှာ ၁၈၄ ကျောင်း၊ ဘူးသီးတောင်မြို့မှာ ၂၂၂ ကျောင်းနဲ့ ရသေ့တောင်မြို့မှာ ကျောင်း ၂၀၊ စုစုပေါင်း ၄၂၆ ကျောင်း ဖြစ်ပါတယ်။ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ဒီကျောင်းတွေမှာ ဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၂၅၀၀ လောက်ရှိပြီး သူတို့တွေဟာ လုံခြုံရေး စုရပ်တွေမှာ ရှိတယ်လို့ ပြောပါတယ်။ ပိတ်ထားရတဲ့ကျောင်းတွေမှာ ကျောင်းသားဦးရေ စုစုပေါင်းကတော့ တသိန်းခွဲကျော် ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရပါတယ်။
4 years Ago
Up