ကျော်ပါဝင်ယှဉ်ပြိုင်

January 4, 2018

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကျင်းပ၊ အပြေးသမားပေါင်း ၂၆၀၀ ကျော်ပါဝင်ယှဉ်ပြိုင်

နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ဒီနေ့မှာ ကျင်းပပါတယ်။ မနက် ၆ နာရီ ၃၀ မိနစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့မှာ တာလွှတ်တာဖြစ်ပြီး မန္တလာသီရိအားကစားကွင်းမှာ ပန်းဝင်ရမှာ ဖြစ်ပါတယ်။ ၁၃ မိုင်ခန့် ပြေးလမ်းမှာ အလွတ်တန်း၊ လူသစ်တန်းပြိုင်ပွဲ (ကျား၊ မ)တွေအပြင် အလယ်တန်းအဆင့် ကလေးငယ်များလည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၂၆၅၃ ယောက်ရှိပြီး ပြင်သစ်၊ ဆွစ်၊ မလေးရှားက နိုင်ငံခြားသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဒီနှစ်အတွက် မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို အရင်နှစ်တွေကထက် ဆုကြေး နှစ်ဆ တိုးမြှင့်ပေးအပ်မှာဖြစ်ပြီး ကျပ်သိန်း (၃၀၊ ၂၀၊ ၁၅) တွေအပြင် သတ်မှတ်ချိန်တွင်း ပန်းဝင်သူတချို့ကိုလည်း အဆင့်လိုက် ဆုကြေးငွေတွေ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် သက်ကြီးတန်းနဲ့ အလယ်တန်းအဆင့် ကလေးငယ်တွေအတွက်လည်း သတ်မှတ်ချိန်တွင်း ပန်းတိုင် ဝင်ရောက်မှုအတွက် ဆုကြေးတွေကို သီးသန့်ပေးအပ်သွားဖို့ ရှိတယ်လို့ စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
3 years Ago
Up