ကျော်ကိုကို သွင်းဂိုးဖြင့် ဟောင်ကောင်ကလပ်ကို ရန်ကုန်ယူနိုက်တက် အနိုင်ရ

February 25, 2016

ကျော်ကိုကို သွင်းဂိုးဖြင့် ဟောင်ကောင်ကလပ်ကို ရန်ကုန်ယူနိုက်တက် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၄ ရက် ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ အေအက်ဖ်စီဖလား ဘောလုံးပြိုင်ပွဲ အုပ်စု ဂျီ အဖွင့်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က အိမ်ကွင်းမှာ ဟောင်ကောင် တောင်တရုတ်ကလပ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟောင်ကောင်ကလပ်အသင်းက ပွဲချိန် ၁၅ မိနစ်မှာ ပယ်နယ်တီရပြီး  ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ၄ မိနစ်အကြာမှာ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး မကြာခင် ပွဲချိန် ၄၈ မိနစ်မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ဘရားဇီးသား မာဆယ်လို ဖာနန်ဒတ်စ်က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ ရန်အောင်ကျော် အနီကတ်ပြ အထုတ်ခံခဲ့ရပေမယ့် ဧရာဝတီယူနိုက်တက်အသင်းက ကျန်တဲ့အချိန် နာရီဝက်ကျော်ကို ၁၀ ယောက်နဲ့ အနိုင်ရလဒ်ကို ထိန်းကစားသွားနိုင်ခဲ့တာပါ။
6 years Ago
Up