ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မန်းဘခိုင် ၁၀ လမ်း အရှေ့ဘက်ကမ်းရပ်ကွက်မှ အဋ္ဌမတန်းကျောင်းသူ ၂ ဦး ပြီးခဲ့တဲ့ သုံးရက်လောက်က ပျောက်ဆုံးနေမှုအပေါ် ဖခင်ဖြစ်သူတွေက ကူညီရှာဖွေပေးဖို့ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသူ ၂ ဦး ပျောက်ဆုံးနေမှုကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာနဲ့ ဝေါမြို့နယ် ရဲစခန်းတွေကိုလည်း အမှုဖွင့်တိုင်ကြားထားခဲ့ပေမယ့် ပြန်မတွေ့ရှိသေးတာကြောင့် ဒီနေ့ နေ့လယ်ပိုင်းမှာ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး အကူညီတောင်းခံနေကြတာပါ။
၈ တန်းကျောင်းသူတွေဖြစ်ကြတဲ့ မသင်းရူပါအောင် အသက် (၁၃) နှစ်နဲ့ မသဇင်ဖူး (၁) တို့ကို ကူညီရှာဖွေပေးဖို့ ဖခင်ဖြစ်သူ ဦးစိုးကြိုင်နဲ့ ဦးဇော်ဝင်းအောင်တို့က ပဲခူးမြို့မဈေးကြီးရှေ့မှာ ဈေးသွားဈေးလာတွေကို တွေ့ရှိပါက ဆက်သွယ်ကူညီပေးဖို့ အသနားခံ တောင်းဆိုနေကြပါတယ်။
သတင်းဓာတ်ပုံ - ကိုသားကြီး
7 years Ago