ကျောင်းသူ၊ ကျောင်းသား ၂ ဦး

August 8, 2018

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသူ၊ ကျောင်းသား ၂ ဦး သေဆုံးခဲ့မှု လူသောင်းချီ ဆက်လက်ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အရှိန်နဲ့မောင်းလာတဲ့ ဘတ်စ်ကားတစီးကြောင့် ကျောင်းသူကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့အပေါ် လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေတာ သြဂုတ် ၈ ရက်နေ့မှာ သီတင်းတပတ်ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ဒါကာမြို့မှာ အထက်တန်းကျောင်းသူ ကျောင်းသားနှစ်ဦး လမ်းဖြတ်ကူးနေစဉ် အရှိန်နဲ့မောင်းနှင်လာတဲ့ ဘတ်စ်ကားတစီးက ဝင်တိုက်ခဲ့တာကြောင့် ကလေး ၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ကားသမားဟာ ခရီးသည်ရဖို့အတွက် အခြားကားတစီးနဲ့ ပြိုင်မောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။ ဒီ့ကိစ္စဟာ လူမှုကွန်ရက်မီဒီယာကတဆင့် တနိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ကျောင်းသူ ကျောင်းသားတွေ အပါအ၀င် လူသောင်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ၀န်ကြီးချုပ် ရှိက် ဟာစီနာက အပြစ်ရှိသူကို ချက်ချင်း အရေးယူမယ်လို့ ကတိပေးလိုက်ပြီး ကျောင်းသူ ကျောင်းသားအားလုံး စာသင်ခန်းထဲပြန်ဝင်ဖို့ တိုက်တွန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လမ်းတွေရဲ့ အခြေအနေ ညံ့ဖျင်းမှု၊ ကားသမားတွေရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် ပြီးခဲ့တဲ့နှစ်က လူ ၄၀၀၀ သေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကဆိုရင် ယဉ်မတော်တဆမှုကြောင့် စုစုပေါင်း လူ ၁၇၀၀၀ ကျော်ကနေ ၂၅၀၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း WHO ကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up