ကျောင်းသား ၂ ဦး သေဆုံး

November 16, 2016

မှန်လုံယာဉ် နှင့် ဆိုင်ကယ်တိုက်မိ၊ ကျောင်းသား ၂ ဦး သေဆုံး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မှာ နိုဝင်ဘာ ၁၅ ရက် နေ့လယ်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ ကျောင်းသား ၂ ဦး သေဆုံးခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းက ပြောပါတယ်။ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်အရှေ့ ဘုရားကြီးမုခ်ဦးလမ်းဆုံ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ မြစ်ကြီးနားဘက်မှ မန္တလေးဘက်ကို ယာဉ်မောင်း ကျော်ဖြူအောင် မောင်းနှင်လာတဲ့ ဒုဌဝတီမန်း ယာဉ်လိုင်းမှ ခရီးသည်တင် 5G/၆၈၄၈ မှန်လုံယာဉ်နဲ့ ခင်မောင်ထွေး မောင်းပြီး အောင်သူရစိုး နောက်မှလိုက်ပါလာတဲ့ ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါသူ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေက ၉ တန်းကျောင်းသားတွေဖြစ်တဲ့ ခင်မောင်ထွေး ၁၆ နှစ်နဲ့ အောင်သူရစိုး ၁၅ နှစ်တို့ဖြစ်ကြပါတယ်။ ယာဉ်မဆင်မခြင်မောင်းသူ ကျော်ဖြူအောင် ၄၆ နှစ် ပတ္တမြားမြို့သစ် မင်္ဂလာဒုံနေသူကို ယာဉ်(ပ)၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုစစ်ဒုရဲအုပ် ခင်မောင်ကြည်က ဟိုပင်မြို့ ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့် အရေး ယူဆောင်ရွက်နေကြောင်း သိရပါတယ်။
6 years Ago
Up