ကျောင်းသား/သူ ၅၆ ဦး

February 11, 2018

ခံဝန်ထိုးစရာမလိုဘဲ ကျောင်းသား/သူ ၅၆ ဦး ကျောင်းပြန်တက်ခွင့်ရ

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးတောင်းဆိုမှုပြုလုပ်ရာမှ ပညာသင်ကြားခွင့် ရပ်စဲခံထားရတဲ့ ကျောင်း သား၊ ကျောင်းသူ ၅၆ ဦးကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ကျောင်းပြန်တက်ခွင့်ပေးလိုက်ပါတယ်။ ကျောင်းပြန်တက်ခွင့်ရတဲ့ အပေါ်မှာ ခံဝန်ထိုးစရာမလိုပဲ ကျောင်းပြန်တက်ခွင့်ရတာလို့ သပိတ်တိုက်​ပွဲ​ကော်​မတီမှာ ပါဝင်တဲ့ ရတနာပုံ တက္ကသိုလ်က ပညာ​ရေးအသုံးစရိတ်​တိုမြှင့်​​ရေး​ကော်​မတီအဖွဲ့ဝင် ကိုရဲမျိုး​ဆွေက ပြောပါတယ်။ ကျောင်းပြန်တက်ခွင့်ရတဲ့အတွက် ကျောင်းပြန်တက်မှာဖြစ်ပြီး ပညာရေးဘတ်ဂျက်တိုးမြှင့်ဖို့ကို ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ အခုလို ကျောင်းသားတွေ ကျောင်းပြန်လည်တက်ခွင့်ရအောင်  ပြန်လည်လက်ခံဖို့ကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရနဲ့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ နိုင်ငံတ၀န်း ကျောင်းသားသမဂ္ဂများအပေါ် ညှိနှိုင်းရေးကော်မတီက ကျောင်းသားတွေက မကွေးတိုင်းအစိုးရရုံးမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ ​ကျောင်းထုတ်​ခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ၁၁ဦး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ၁ ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်းပညာရေး ကောလိပ်မှ ၃ ဦး၊ မိတ္ထီလာတက္ကသိုလ်မှ ၉ ဦး၊ ကန့်ဘလူ စက်မှုလက်မှုသိပ္ပံမှ ၇ ဦး၊ ကျောက်ဆည် တက္ကသိုလ်မှ ၁ ဦးနဲ့ ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသူ ၂ ဦးဖြစ်​ပါတယ်။ သူတို့အားလုံးကို ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်ကျောင်းတက်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up