ကျောင်းသားများ

July 5, 2019

ဝက်လက်မြို့နယ်တွင်  ဆရာ၊ဆရာမ မလုံလောက်သဖြင့် ကျောင်းသားများ အခက်​ကြုံနေ

စစ်​ကိုင်းတိုင်း​၊ ဝက်​လက်​မြို့နယ်​၊ ယင်းမ​တော​ကျေးရွာမှာ အ​ခြေခံပညာ မူလတန်းက​နေ မူလတန်းလွန်​ကျောင်းအဖြစ် အခုနှစ်မှာ အဆင့်​တိုးမြှင့်​​ ပေးထားပေမယ့် ဆရာ ဆရာမ မလုံလောက်လို့ ​ကျောင်းသား​ကျောင်းသူ ၈၀ ​ကျော်​ဟာ ပညာသင်​ကြားရာမှာ အခက်​ကြုံ​နေ တယ်​လို့ ​ ဒေသခံ​တွေဆီကသိရပါတယ်​။ အဆိုပါကျောင်းမှာ KG တန်းက​နေ ဆဋ္ဌမတန်းအထိ​ သင်​​ပေး​နေရတာဖြစ်​​ပေမယ့် အစိုးရခန့်​ ဆရာမ ၄ ဦးနဲ့ ရွာကငှားထားတဲ့ဆရာမ ၂ ဦး စုစု​ပေါင်းမှ ဆရာမ ၆ ဦးပဲရှိတယ်​လို့​ ကျောင်းအုပ်​ဆရာမဆီက သိရပါတယ်​။ “စနစ်​သစ်​သင်​ကြားမှုပုံစံနဲ့က ဆရာ/ဆရာမ အင်​အားပြည့်​စုံမှ က​လေး​တွေအတွက်​ သင်​ကြား​ရေးမှာ ထိ​ရောက်​​အောင်မြင်မှာပါ” လို့ ​ကျောင်းအုပ်​ဆရာမ​ဒေါ်မာ​ရွှေက​ပြောပါတယ်​။ ဆရာ ဆရာမ ပြည့်​စုံ​အောင်​ခန့်​ထားနိုင်​​ရေး မြို့နယ်​ပညာ​ရေးမှူးရုံးကို ​မေးမြန်းရာမှာ​တော့ မြို့နယ်​ ဒု ပညာ​ရေးမှူး ဦးဝင်းအုပ်​က “ဆရာ/ဆရာမ ခန့်​ထား​ရေးက တိုင်းပညာ​ရေးမှူးရုံးက လုပ်​တာဖြစ်​လို့ ကျ​နော်​တို့အ​နေနဲ့ က​တော့ လိုအပ်​ချက်​​တွေကိုပဲတင်​ပြ​တောင်းခံရတာပါ”လို့ ပြောပါတယ်​။ ယင်းမ​တောရွာသား ဦးသန်း​အောင်​က​ “ဟိုအတန်း​ပြေးရ ဒီအတန်း​ပြေးရ​ မောနေ​အောင်​ သင်​​ပေး​နေရတာဆို​တော့ ဆရာမ​လေးတယောက်​ဆို ငိုယူရတယ်​။ ဒါနဲ့ဆရာမရယ်​ ကျနော်တို့ အတတ်​နိုင်​ဆုံကြိုးစာပြီး အထက်​ကို တင်​ပြကြည့်​ပါအုံးမယ်​လို့​ ပြောထားရတာ”လို့ ပြောပါတယ်​။ ဝက်​လက်​မြို့နယ်​အတွင်းမှာ မူလတန်း​ကျောင်းသား​/သူ ၁၆၆၄၆ ဦး၊ အလယ်​တန်း​ ကျောင်းသား/သူ ၁၁၀၉၀ ဦးနဲ့ အထက်​တန်း ​ကျောင်းသား​/သူ ၃၄၁၆ ဦး စုစု​ပေါင်း ​ကျောင်းသား​ကျောင်​သူ​ပေါင်း ၃၁၁၅၂ ဦးရှိပြီး ဆရာ ဆရာမ စုစု​ပေါင်းက​တော့ ၁၇၈၆ ​ယောက်​နဲ့ ​နေ့စားဆရာမ ၁၈ ​ယောက်​ရှိတယ်​လို့ မြို့နယ်​ပညာ​ရေးမှူးရုံးကသိရပါတယ်​။။ သတင်း- ​အောင်​စံလင်း
2 years Ago

May 16, 2019

ကျောင်းသားများမညီညွှတ်၍ သမဂ္ဂ အဆောက်အဦ ဖြစ်မလာဟု ဆရာများသမဂ္ဂ

ကျောင်းသားတွေညီညွှတ်မှုမရှိခဲ့လို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မလာခဲ့တာလို့ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်းနိုင်က ပြောပါတယ်။ “ကျောင်းသားသမဂ္ဂအဆောက်အဦ ဘာကြောင့်မဖြစ်ခဲ့လဲဆိုရင် ကျောင်းသားတွေ အစဉ်အဆက်မညီညွှတ်ခဲ့လို့ပဲ။ အဲဒီမှာ ကျောင်းသားသမဂ္ဂအဆောက်အဦ ဆောက်မယ်လို့ ညှိလိုက်တဲ့ အခါကျရင် ၈၈ ကျောင်းသားက တဖွဲ့၊ ဟို ၇၀ ကျောင်းသားတဖွဲ့ ၆၅ က တဖွဲ့ ၆၃ တဖွဲ့၊ ကျောင်းသားသမဂ္ဂတွေ အများကြီးပဲ။ လက်ရှိ ကျောင်းသားသမဂ္ဂတွေပါ ပါသေးတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း ငါတို့ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ ကျောင်းသား သမဂ္ဂအဆောက်အဦသည် ငါတို့ပိုင်ဖြစ်တယ်။ မင်းတို့နဲ့ မဆိုင်တော့ဘူး။ ငါတို့ဝင်းထဲမှာရှိတဲ့ ဟာသည် ငါတို့အစီအမံနဲ့သွားမယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျောင်းသားတွေ မညီညွတ်တဲ့အတွက် တချို့က ဆောက်မယ်ပြောတယ်။ တချို့က မဆောက်ဘူးပြောတယ်။ အဲဒီမှာ ဆောက်မယ်မဆောက်ဘူး ပုံစံအမျိုးမျိုးနဲ့ မညီညွှတ်ကြဘူး”လို့ ဒေါက်တာ ထွန်းထွန်းနိုင်က ပြောဆိုခဲ့တာပါ။ မေလ ၁၆ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ တနှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
2 years Ago
More News
Up