ကျောင်းထုတ်ခံရသူများအား ကျောင်းပြန်တက်ခွင့်ပေးရန်

January 30, 2018

ကျောင်းထုတ်ခံရသူများအား ကျောင်းပြန်တက်ခွင့်ပေးရန် စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​တွင် ဆန္ဒပြ

ပညာ​ရေးစရိတ်​ တိုးမြှင့်​ပေး​ရေးအတွက်​ ဆန္ဒပြ​ တောင်းဆိုတဲ့အတွက် ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၄၈ ယောက်​ကို အမြန်ဆုံး ကျောင်းပြန်​တက်​ခွင့်ပေးဖို့ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​ ကျောင်းသား ၁၀၀ ​ကျော်​က ဒီမနက် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ကျောင်းထုတ်ခံ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊ ပညာ​ရေးစရိတ် ​အမြန်​ဆုံး တိုးမြှင့်ပေးရေးအတွက် သက်​ဆိုင်​ရာအစိုးရနဲ့ လွှတ်​​တော်​ကို တင်​ပြ​ပေးဖို့နဲ့ ဆက်​လက်​ပြီး ​ကျောင်းထုတ်​​နေတာ ရပ်​​ပေးဖို့ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​ ဘွဲ့နှင်းသဘင်​ခန်းမ​ရှေ့က​နေ စတင်​ပြီး ​ကျောင်းဝင်းအတွင်းမှာ ကျောင်းသားတွေ လှည့်လည်​ဆန္ဒပြကြတာပါ။ ပညာ​ရေးတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂအတွင်း​ရေးမှူး ကိုသူ​ဝေလွင်​က “​ပညာ​ရေးစရိတ်​ တိုးမြှင့်​ပေးဖို့​ တောင်းဆိုခဲ့ကြတဲ့ နယ်​ပယ်အသီးသီးက​ ဗကသ​ကျောင်သား ၄၈ ​ယောက်​ကို ​ကျောင်းထုတ်​ပစ်​လိုက်​တာကို လုံးဝ ကန့်​ကွက်​တယ်။ ရှုတ်လည်း ရှုတ်ချတယ်​။ ​ကျောင်းထုတ်​ခံခဲ့ကြရတဲ့ ကျောင်းသား​တွေကို အမြန်​ဆုံး​ ကျောင်းပြန်​တက်​ခွင့်ပေးဖို့နဲ့ ပညာ​ရေးစရိတ်​ တိုးမြှင့်​ပေးဖို့ ​ကျောင်းထုတ်​​နေတာ​တွေ ရပ်​တန့်​ဖို့ ကျ​နော်​တို့ ​တောင်းဆို​နေတာ”လို့ ​ပြောပါတယ်​။ စစ်ကိုင်း ​ပညာ​ရေးတက္ကသိုလ်​က ​ကျောင်းသား ၁၀၀ ​ကျော်​ဟာ ​တောင်းဆိုချက်​ ၃ ချက်​ မရမချင်း ဆက်​လက်​တိုက်​ပွဲဝင်​သွားမယ်​လို့ ဆိုပါတယ်​။ သက်​ဆိုင်​ရာ ပါ​မောက္ခ​ ဒေါက်​တာ​စောပြုံးနိုင်​နဲ့ ​ကျောင်းသားသမဂ္ဂ​ခေါင်း​ဆောင် ​၃ ဦးနဲ့ ​ကျောင်းရုံးခန်းမှာ ​ဆွေး​နွေး​နေဆဲ ဖြစ်​ပါတယ်​။
4 years Ago
Up