ကျောက်​​တော်​မြို့နယ်​၊ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းအနီး တိုက်​ပွဲဖြစ်​ပွား

February 10, 2019

ကျောက်​​တော်​မြို့နယ်​၊ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းအနီး တိုက်​ပွဲဖြစ်​ပွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းအနီးမှာ ​ဖေဖော်ဝါရီ ၁၀ ရက်​ နေ့လယ် ၂ နာရီကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့  စစ်​​ဘေး​ရှောင်​ပြည်​သူ ဦး​မောင်​လှက ​ပြောပါတယ်​။ "ဒီ​နေ့ ​နေလယ် ၂ နာရီ​လောက်​ကတည်းက စဖြစ်​​နေကြတာပါ။ လက်​နက်​ကြီးသံ၊ လက်​နက်​ငယ်​သံ​တွေ ဆူညံ​နေပါတယ်​၊ အခုထိဖြစ်​​နေကြတုန်းပါ။ စစ်​​ဘေး​ရှောင် ​ဒုက္ခသည်​များ က​တော့ ​နောက်​ထပ်​ထွက်​​ပြေးရမှာ စိုးရိမ်​​နေကြပါတယ်​။ စခန်းနဲ့ ​တောင်​မင်းကုလားရွာကြား လောက်​မှာ ဖြစ်​​နေကြတာပါ။ ဘယ်​အဖွဲ့နဲ့ ဘယ်​အဖွဲ့ တိုက်​​နေကြတာလဲတော့ မသိပါ။ ပစ်​ခတ်​သံ​တွေက​တော ဆက်​တိုက်​ကြား​နေရပါတယ်​" လို့ ​ပြောပါတယ်​။ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းမှာ ငစရိုင်းကိုင်း၊ သိန်းချောင်း၊ တဲ့ဝ၊ ပညာကြီး၊ ခမောင်း၊ လေကွိ၊ ကင်ဘိ၊ ချင်းမဝန်တောင်း စတဲ့ ကျေးရွာတွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၁၉ စု လူဦးရေ ကျား ၆၁၆ ဦး၊ မ ၅၇၅ ဦး၊ စုစုပေါင်း ၁၁၉၀ နေထိုင်ကြပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေး လေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ  ၆၀၀၀ ကျော်လောက် ဒုက္ခနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဗညား
2 years Ago
Up