ကျောက်​ဆည်​မြို့နယ်

August 28, 2018

ကျောက်​ဆည်​မြို့နယ်​ လက်​ပံ​ရွာ၌  မူးယစ်ဆေးမှုဖြင့် လူ ၇၀ ကျော်ဖမ်းမိ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်​၊ လက်ပံကျေးရွာကို မူးယစ်ကျော်ဇောမှုနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ လူ ၇၀ ကျော် ဖမ်းမိခဲ့တယ်လို့ ကျောက်ဆည်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ “ကျား ၇၄ ယောက်၊ မ ၂ ယောက်၊ စုစုပေါင်း ၇၆ ယောက်ပါ။ ကားတစီးနဲ့ ဆိုင်ကယ်တွေလည်း မိပါတယ်။ လူတွေကိုတော့ ခွဲပြီး ချုပ်ထားပါတယ်။ အမှုကတော့ ရေးနေတုန်းမို့ အသေးစိတ် မပြောနိုင်သေးပါဘူး” လို့ ပြောပါတယ်။ မနေ့က ညနေ ၃ နာရီကျော်က တိုင်းအဆင့် မှုခင်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး သိမ်းငှက်စီမံချက်နဲ့ ဖမ်းတာဖြစ်ပြီး မူးယစ်ကျော်ဇောမှု ပုဒ်မ ၂၅ (က) နဲ့ အမှုဖွင့်ထားပါတယ်။
3 years Ago
Up