ကျောက်ကြီးမြို့နယ်တွင် ယာဉ်တိမ်းမှောက်

May 9, 2019

ကျောက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ နေအိမ်အလုံး ၆၀ ခန့် ပျက်စီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ မေလ ၈ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၆၀ လောက်နဲ့ ရုံးအဆောက်အဦတခု အမိုးလန်ပျက်စီးခဲ့ တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုက နေအိမ်တချို့နဲ့ ကျေးရွာတရွာရှိ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ မေလ ၈ ရက်နေ့ ကောက်ယူထားတဲ့ စာရင်းတွေအရ နေအိမ် ၄၇လုံးပျက်စီး၊  ၄၅ လုံး အမိုး လန်သွားပြီး တခြားအိမ် ၂ လုံးက သစ်ပင်ပိတယ်လို့ ကျောက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလှိုင်က ပြောပါတယ်။ “ဒီနေ့စာရင်းထပ်ကောက်တော့ ပျက်စီးစာရင်း ထပ်တိုး  လာတယ်။ နောက်ထပ် ၁၃ အိမ်ထပ်တိုးလာတော့ စုစုပေါင်းအိမ်အလုံး ၆၀ နဲ့ ရုံးက ၁ရုံးပါ။ ရုံးကတော့ပြန်/ဆက်ရုံးပါ။ အခုလက်ရှိတော့ လဲတဲ့သစ်ပင်တွေကို ရှင်းလင်းနေတယ်။ ပျက်စီးသွားတဲ့ အိမ်နဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ပေးဖို့ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ စီစဉ်နေပါတယ်" လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့ပေါ်ရှိ ပဲခူးရပ်ကွက်၊ သိန်တန်းရပ်ကွက်ရှိ နေအိမ်အချို့နဲ့ ကျောက်ခဲကြီးကျေးရွာရှိ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကာလတန်ဖိုး ကျပ် သိန်း ၁၀နီးပါး ပျက်စီးဆုံးရှုံးမှုရှိပြီး လူနဲ့ တိရစ္ဆာန်သေဆုံးထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
2 years Ago

August 19, 2017

ကျောက်ကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-ပဲနွယ်ကုန်းသွား ကားလမ်းမပေါ်မှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ဆိုင်ကယ်မှောက်ပြီး ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲဝင်တဦး သေဆုံးသွားတယ်လို့ နတ်သံကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ပဲနွယ်ကုန်းမြို့ကနေ ကျောက်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း မိုင်တိုင်အမှတ် (၁၂/၇) နဲ့ (၁၃/၀) အကြားမှာ ဆိုင်ကယ်တိမ်းမှောက်ခဲ့တာပါ။ ဆိုင်ကယ်က ကိုယ်ပေါ်မှာ ပိနေပြီး မျက်နှာမှာ ညိုမဲဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့သွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူမှာ ဒုတပ်ကြပ် ဇော်မင်းဦးဖြစ်ပြီး ကျောက်ကြီးမြို့မ စခန်းအပိုင် မာလာဦးရဲကင်းမှာ တာဝန်ထမ်းဆာင်နေသူ တဦးဖြစ်တယ်လို့ နတ်သံကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဆိုင်ကယ်မှောက်တာပါ၊ သူ့ကိုယ်ပေါ်မှာ ဆိုင်ကယ်ကပိနေတယ်၊ အခင်းဖြစ်နေရာမှာပဲ သေဆုံးတာပါ၊ ဒီတပ်ဖွဲ့ဝင်က ကျနော်တို့ စခန်းကပြောင်းသွားတဲ့ သူဆိုတော့ တပ်ဖွဲဝင်မှန်းသိပါတယ်၊ အခုလက်ရှိကတော့ ကျောက်ကြီးစခန်းမှာ တာဝန်ထမ်းဆောင်နေသူပါ၊ ဆိုင်ကယ်မှောက်နေတယ်ဆိုတာ သတင်းအရ သွားကြည့်ပြီးသိတာပါ” လို့ ပြောပါတယ်။ နတ်သံကွင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းက ယာဉ်အား အသက်သေဆုံးသည်အထိ မောင်းနှင်သူ ဒုတပ်ကြပ်ဇော်မင်းဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up