ကျောက်တုံးဖြင့် ထုသတ်

April 1, 2018

ချစ်သူမိန်းကလေးအား ကျောက်တုံးဖြင့် ထုသတ်ခဲ့သည့် အမျိုးသားကို ဖမ်းဆီး

ရုရှားနိုင်ငံမှာ အခြားအမျိုးသားတဦးနဲ့တွေ့လို့ဆိုပြီး ချစ်သူမိန်းကလေးကို ကျောက်တုံးနဲ့ ထုသတ်ခဲ့တဲ့ အမျိုးသားကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ စောင့်ကြည့်ကင်မရာ ရုပ်သံထဲမှာ အမျိုးသမီးက လမ်းပေါ်မှာ လဲကျကာ အကူအညီမဲ့နေပြီး အမျိုးသားက လမ်းတဖက်က ကျောက်တုံးကို ယူကာ အမျိုးသမီးရဲ့ ဦးခေါင်းကို ၅ ကြိမ်ကျော်ကျော် ထုရိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် အမျိုးသမီးရဲ့ ခေါင်းကို ခြေထောက်နဲ့နင်းပြီး သွေးအလိမ်းလိမ်းဖြစ်နေတဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်က ကျော်သွားကာ မြင်ကွင်းကနေ ပျောက်သွားပါတယ်။ နောက်ပိုင်း ဇာနိုရာရဲ့ အသက်မဲ့အလောင်းကို လမ်းလယ်မှာ ရဲတွေက တွေ့ခဲ့ပြီး သူမရဲ့ ချစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား အာနာကို လူသတ်မှု သံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ထိတ်လန်နေတဲ့ အိမ်နီးချင်းတွေက ဒီစုံတွဲဟာ တယောက်ကို တယောက် အရမ်းချစ်ကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စားပွဲထိုးလုပ်သူ အမျိုးသမီးရဲ့ ချစ်သူအာနာဟာ ဇာနိုရာက အမျိုးသား စားသောက်သူတွေနဲ့ စကားပြောတာတွေ့ရင် မနာလိုဖြစ်ပြီး ဒေါသထွက်လာတယ်လို့ ဆိုပါတယ်။ အာနာက သူ့ရဲ့ချစ်သူအမျိုးသမီးကို အိမ်မှာ အခြားအမျိုးသားတဦးနဲ့ တွေ့ရာကနေ အကြီးအကျယ် ရန်ဖြစ်ကြပြီး သူမကို ကားပေါ်တင်မောင်းထွက်သွားတယ်။ သူနဲ့ ကားသမားက သူမကို ကားထဲက ဆွဲထုတ်ပြီး အကြိမ်တော်တော်များများ ထုရိုက်ခဲ့တယ်၊ ပြီးတော့ ဘာတွေဖြစ်လဲ သူမမှတ်မိတော့ဘူးလို့ ရဲကို ပြောပါတယ်။ “ကျနော်ဒါမျိုး မဖြစ်ချင်ပါဘူး အဲ့ဒီအချိန်မှာ ကျနော်မဟုတ်ခဲ့သလိုပဲ” လို့ အာနာက ပြောလိုက်ပြီး သူ့ကို လူသတ်မှုနဲ့ မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ရဲကပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up