ကျောက်တံခါးတွင်

A d v e r t i s e m e n t With Us

November 9, 2017

ကျောက်တံခါးတွင် နယ်ထိန်းခေါင်းဆောင် သေနတ်ဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းမှာ နိုဝင်ဘာ ၈ ရက် ညပိုင်းက ရဲအရာရှိတဦး သေနတ်နဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။ ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းမှာ နယ်ထိန်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်ရန်မျိုးအောင်ဟာ သူနေထိုင်ရာ လူပျိုဆောင်အရှေ့ဘက် ထိပ်အခန်းအပြင်ဘက်ရှိ အိပ်စင်ကြမ်းပြင်မှာ ယာနားထင်ဖောက်ထွက် ဒဏ်ရာတချက်၊ ၀ဲပါးဖောက်ထွက်ဒဏ်ရာတချက်နဲ့ လဲကျနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “ဖြစ်သွားတာကတော့ မှန်တယ်။ ခုစစ်ဆေးနေတုန်းပဲ။ ဘေးပယောဂါတော့ မပါပါဘူး။ သူ့စိတ်ခံစားမှုကြောင့်ဖြစ်တာ။ လောလောဆယ်တော့ ကျနော်တို့လည်း စစ်ဆေးနေတုန်းပဲလေ။ လူနာကတော့ အခုရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ ကုသဆဲပေါ့။ အခြေအနေကတော့ ပြောမရဘူး။ ယာဘက်နားထင်ကနေဝင်တယ်။ ဘယ်ဘက်ပါးကနေ ပြန်ဖောက်ထွက်သွားတာ” လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒုရဲအုပ်ရန်မျိုးအောင်ရဲ့ ဘေးက ၃၈ ဗို့ခြောက်လုံးပြူးသေနတ်နဲ့ပစ်ပြီး ကျည်ခွံတခု၊ သေနတ်အတွင်း မပစ်ရသေးတဲ့ ကျည်လေးတောင့်တို့ကို တွေရှိခဲ့ရပြီး ဒဏ်ရာရရှိသူ ဒုရဲအုပ်ရန်မျိုးအောင်ကို ကျောက်တံခါး ပြည်သူ့ဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
3 years Ago

October 28, 2017

ကျောက်တံခါးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြေခြားကျေးရွာမှာ ကျောက်တံခါးရေနံမှော် သွားတဲ့ လှည်းလမ်းဘေးမှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ရေနံမ နယ်မြေရဲစခန်းက ပြောပါတယ်။ “မြေခြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှေက မြေခြားရွာရဲ့ အနောက်မြောက်ဘက် (၂) မိုင်လောက် အကွာမှာ လူတစ်ယောက်သေဆုံးနေတာ တွေ့တယ်လို့ ဖုန်းနဲ့ အကြောင်းကြားတော့ ကျနော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုတော့ သေဆုံးသူဟာ မင်းဘူးစကုမြို့နယ် ကျွန်းဖျားကျေးရွာအုပ်စု၊ မကျည်းပင်ကိုင်း တဲတိုက်တွင်နေထိုင်သူ ဟန်ဇော်ဝင်း(ခ)သံဒိုး ဖြစ်ကြောင်းစုံစမ်းသိရပြီး ဦးခေါင်းထိပ် ၅ လက်မ ခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဘက်လည်ပင်း ၅ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် နဲ့သေဆုံးနေတာ တွေ့ရတယ်လို့" ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။ ရေနံမနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့အမှုဖွင့်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
3 years Ago
More News
Up