လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေတဲ့ ကျောက်ဆည်မြို့က ဆင်အကအဖွဲ့ အလုခံရတယ်ဆိုတာ မဟုတ်ဘူးလို့ မန္တလေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁ ရက်ညပိုင်းက အေးချမ်းမောင် ဆင်အဖွဲ့ဟာ ကြက်မင်းတွန်ရပ်ကွက်အတွင်း လှည့်လည်ကပြအလှူခံနေတုန်းမှာ ဆိုင်ကယ်စီးလာတဲ့ လူ ၃ ယောက်က ဖလားထဲက ငွေတွေ လုသွားတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားနေကြတာပါ။
ဒါနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က စိစစ်ရာမှာ ဆင်အဖွဲ့ဟာ ကြက်မင်းတွန်ရပ်ကွက်၊ ရွှေကျောက်ဆည် လက်ဖက်ရည်ဆိုင်ရှေ့မှာ ကပြအလှူခံနေတုန်း လမ်းကျဉ်းနေတဲ့အတွက် အနောက်ကလာတဲ့ ဆိုင်ကယ်နဲ့ ဆင်အဖွဲ့က တယောက်တို့ တိုက်မိမိလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆိုင်ကယ်စီးလာသူတွေကို ပတ်ဝန်းကျင်က ရန်ပြုလို့ ဆိုင်ကယ်ကို ထားပြီး တိမ်ရှောင်ခဲ့တာပဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
5 years Ago