ကျောက်စိမ်းတုံးများ ဖမ်းမိ

October 9, 2017

ဟိုပင်မြို့တွင် တရားမ၀င် ကျောက်စိမ်းတုံးများ ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ အောက်တိုဘာ ၈ ရက်ညနေ ၆ နာရီခွဲ က တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ဟိုပင်နယ်ထိန်း ဒုရဲအုပ် ရှိန်းထက်ဦးနဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သတင်းအရ မြို့မမြောက်ရပ်ကွက်၊ မြို့ဝင်ထွက်မောင်းတံဂိတ်မှာ စောင့်ဆိုင်းနေချိန် ဖားကန်ကနေ မန္တလေးကို ယာဉ်မောင်း နိုင်ဝင်းအောင်မောင်းနှင်ပြီး ဒေါ်ခင်မာကြည့် စီးနင်းလိုက်ပါလာတဲ့ ကချင်-မန္တလာ အဆင့်မြင့် ခရီးသယ်ပို့ဆောင်ယာဉ်ကို စစ်ဆေးရာ ယာဉ်ကြမ်းခင်းနဲ့ ဖရိမ်ကြားမှာ အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာတဲ့ တရားမဝင်ကျောက်စိမ်းတုံး ဆိုဒ်စုံ ၁၅၅ လုံး၊ အလေးချိန် ၁၄၇ ပိဿာ လောက်ကို ရှာဖွေသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ ဟိုပင်ရဲစခန်းက တရားမဝင်ကျောက်စိမ်းတုံးတွေ သယ်ဆောင်လာသူ ယာဉ်မောင်း နိုင်ဝင်းအောင်နဲ့ ဒေါ်ခင်မာကြည် တို့ကို ကျောက်မျက်ဥပဒေပုဒ်မ-၄၂ (က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
4 years Ago

April 25, 2017

ရေပူဂိတ်တွင် ပိတောက်သစ်နှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း  ပြည်ထောင်စုလမ်းမကြီး သိန္နီ ရေပူဂိတ်စစ်ဆေးရေးဂိတ်မှာ မနေ့ညက ပိတောက်သစ်နဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သစ်တော တောအုပ်ကြီး ဦးမြင့်မြတ်က “ကျနော်တို့အဖွဲ့ ကျောက်စိမ်းတင်လာတယ်ဆိုလို့ ဂိတ်အောက်ဘက်ကို အဲသတင်းသွားယူရင်းနဲ့ အဲသစ်ကားပါ ဖမ်းမိတာ။ ဒီမှာက ကား အသေးတွေရော အကြီးတွေရော အကုန်ရပ်ခိုင်းပြီးတော့ စစ်တယ်။ အဲသစ်ကားကို ဖမ်းမိတာက ၇ နာရီခွဲမှာ ဖမ်းမိတာ။ သစ်ကတော့ ပိတောက်အမျိုးအစားတွေဗျ။ ပျှမ်းမျှတန်ဖိုးကတော့ တိတိကျကျ မသိသေးဖူး။ ကားကိုလည်း ဂိတ်မှာပဲ ထိုးထားရသေးတယ်။ သစ်ကလည်း အကြီးတွေဆိုတော့ ကရိန်းနဲ့ပြန်ချပြီး စစ်မှရမှာ။ ရှိတာက ၂ တန် ပတ်ချာလည်လောက်ရှိမယ် ထင်တယ်။ ကားကတော့ လေးလုံးထိုးပါ” လို့ ပြောပါတယ်။ ပိတောက်သစ် သယ်ဆောင်လာတဲ့ကားမှာ မူဆယ်သို့တက်ရောက်မယ့် ကားဖြစ်ပြီး ကားသမား ၃ ဦးကို သိန္နီရဲစခန်းမှာ သွားရောက် အပ်နှံထားကြောင်း သိရပါတယ်။ ဒါ့အပြင် ပိတောက်သစ် ဖမ်းမိတဲ့ ရေပူ စစ်ဆေးရေးစခန်းမှာ ညသန်းခေါင်းအချိန်က ကုန်တင်ကား တစီးပေါ်က ကျောက်စိမ်း ၅၅ တုံးလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သတင်း - နိုင်နိုင်
4 years Ago
Up