ကေပေါ့ပ်အဖွဲ့

August 24, 2018

ဂင်းနစ်စံချိန် ၂ ကြိမ်တင်နိုင်ခဲ့သည့် ကေပေါ့ပ် အမျိုးသားတေးဂီတအဖွဲ့ - BTS (ရုပ်သံ)

တောင်ကိုရီးယား ကေပေါ့ပ် အမျိုးသားတေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ ဘီတီအက်စ် (BTS) ဟာ တနှစ်အတွင်း ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ၂ ကြိမ် တင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ် ၂၃ ရက်နေ့က ဖော်ပြပါတယ်။ သူတို့အဖွဲ့ဟာ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံး တေးဂီတအဖွဲ့အဖြစ် လက်ရှိစံချိန်တင်ထားတဲ့ One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်လ်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားခဲ့တာပါ။ ဘီတီအက်စ်အဖွဲ့ဟာ တွစ်တာပေါ်မှာ ရီတွိ(တ်) လုပ်တာ၊ တုံ့ပြန်တာ၊ နှစ်သက်တာ စတဲ့ အကြိမ်ရေ စုစုပေါင်း ပျမ်းမျှ ၃၃၀၆၂၄ ကြိမ်ရှိခဲ့ပြီး ဟယ်ရီစတိုင်လ်စ်ကတော့ ၁၄၇၆၅၃ ကြိမ်ရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ဟာ ဘီတီအက်စ်အဖွဲ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေရတဲ့ နှစ်တနှစ်ဖြစ်နေပြီး Love Yourself တေးအယ်လ်ဘမ်ဟာ အကြိုမှာယူမှု ၁ သန်းခွဲနဲ့ ကနဦး စံချိန်ချိုးထားခဲ့တာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ DNA အမည်ရတဲ့ သီချင်းအမ်တီဗွီဟာလည်း ၂၄ နာရီအတွင်း အွန်လိုင်းပေါ်မှာ ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၂၁ သန်းထိ ရှိခဲ့ပြီး ကြည့်ရှုမှု အများဆုံးအဖြစ် စံချိန်တင်ထားခဲ့ပါသေးတယ်။
3 years Ago
Up