ကော်လိုရာဒို

April 18, 2019

ကော်လိုရာဒိုကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည့် ၁၈ နှစ်အမျိုးသမီးအား သေဆုံးလျက်တွေ့

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ဧပြီ ၁၇ ရက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ရဲ့အလောင်းကို ကိုလမ်ဘိုင်း အထက်တန်းကျောင်း အနောက်ဘက် မိုင် ၄၀ အကွာမှာ  တွေ့ရပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ်ခဲ့ပုံရတယ်လို့ FBI စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဆိုးပေ့စ်လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အခုသီတင်းပတ်အစောပိုင်းမှာ မိုင်ယာမီမြို့ကနေ ကော်လိုရာဒိုပြည်နယ်ကို ရောက်လာပြီး ဒီဒေသမှာ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် စာသင်ကျောင်း ၂၀ ကျော်ကို လုံခြုံရေး တိုးမြှင့်ချထားခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်က ကိုလမ်ဘိုင်း အထက်တန်းကျောင်းမှာ သေနတ်ကိုင်ဆောင်လာတဲ့ ကျောင်းသားနှစ်ဦး ဝင်ပစ်လို့ လူ ၁၃ ဦး သေဆုံးခဲ့ပြီး အဲဒီကျောင်းသားနှစ်ဦးလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ အဲဒီ ကျောင်းတွင်းပစ်ခတ်မှု နှစ် ၂၀ ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ဆိုးပေ့စ်ရဲ့ ခြိမ်းခြောက်မှု ပေါ်ပေါက်လာတာကြောင့် စာသင်ကျောင်းတွေမှာ လုံခြုံရေး မြှင့်လိုက်တာပါ။ ဆိုးပေ့်စ်ဟာ ဘယ်နေရာကို တိုက်ခိုက်မယ်ဆိုတာ အတိအကျ မပြောခဲ့ပေမယ့် သူ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ရတယ်လို့ FBI အဖွဲ့ရဲ့ အထူးအေးဂျင့် ဒန်ဖီးလစ်က ပြောပါတယ်။
3 years Ago

June 12, 2018

ကော်လိုရာဒိုပြည်နယ်တွင် တောမီးကြောင့် အိမ်ခြေ ၂၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အနောက်တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အိမ်ခြေ ၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဒေသမှာ ပူပြင်းခြောက်သွေ့မှုနဲ့ လေတိုက်နှုန်း ပြင်းထန်နေတာကြောင့် တောမီးလောင်ကျွမ်းမှု အားကောင်းလာခဲ့ပြီး တောအုပ်ရဲ့ သုံးပုံတပုံခန့် မီးစွဲလောင်နေတာလည်း ဖြစ်ပါတယ်။ အဲဒီတောအုပ် အကျယ်ဝန်းကတော့ ဧက ၂၂၀၀ ကျော် ရှိပါတယ်။ အခုလို တောမီးလောင်ကျွမ်းနေတာ ၁၁ ရက်ထိ ရှိသွားပြီဖြစ်ပြီး လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှုန်း ရှိနေတာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတဝန်းမှာ ၂၀၁၇ ခုနှစ်က လောင်ကျွမ်းတဲ့ တောမီးကြောင့် ၁၀ ဧကကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up