ကော်ဖီပန်းချီကြောင့် နာမည်ကြီးလာသည့် အီတလီ အနုပညာရှင်

July 5, 2015

တရုတ်နိုင်ငံ အရှေ့ပိုင်းက သစ်သား ရိုလာ ကိုစတာ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း အန်ဟွိုင် ခရိုင် ၀ူဟူးမြို့မှာ သစ်သားနဲ့ လုပ်ထားတဲ့ ရိုလာကိုစတာကို အရင်သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေ မြို့ကို လာရောက်ဖို့ ဆွဲဆောင်တဲ့ အနေနဲ့ လုပ်ဆောင်တဲ့ ရိုလာ ကိုစတာဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ဒီရိုလာကိုစတာဟာ အရှည်အားဖြင့် ၁၀၆၀ မီတာ ရှိပြီး အမြင့်က ၃၂ မီတာမြင့်ပါတယ်။ ရိုလာကိုစတာဟာ အမြန်ဆုံး အရှိန်နဲ့ တနာရီကို ၉၁ ကီလိုမီတာနဲ့ သွားနိုင်ပြီး စီးနင်းတဲ့သူတွေကို သဲထိတ်ရင်ဖို အတွေ့အကြုံ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ၁၉၂၀ လောက်က အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အပန်းဖြေ ပန်းခြံတွေမှာ ဒီလို သစ်သား ရိုလာကိုစတာတွေ ထွန်းကားခဲ့ပြီး နောက်ပိုင်းမှ သံနဲ့ ရိုလာကိုစတာတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - CCTVNews  
6 years Ago

July 4, 2015

ကော်ဖီပန်းချီကြောင့် နာမည်ကြီးလာသည့် အီတလီ အနုပညာရှင်

ကော်ဖီစက်တွေကို အသုံးပြုပြီးဆွဲတဲ့ ပန်းချီကြောင့် အီတလီ အနုပညာရှင် ဂျူလီယာ ဘာနယ်ဒယ်လီဟာ အင်တာနက်မှာ နာမည်ကြီးလာပါတယ်။ ကော်ဖီစက်နဲ့ ရေးဆွဲထားတဲ့ အိမ်မက်ဆန်တဲ့သူရဲ့ လက်ရာတွေကို လူမှုရေးကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် နောက်လိုက် ၁၉၀၀၀ ကျော်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကော်ဖီစက်တွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ပန်းချီတွေမှာတော့ သစ်ပင်ကနေ ချစ်ကျွမ်းဝင်နေတဲ့ စုံတွဲရဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။ အီတလီက ဘိုလော့နာမြို့က တက္ကသိုလ်ကနေ အနုပညာ အထူးပြုနဲ့ ဘာနယ်ဒယ်လီက ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ပြတိုက်တခုမှာ အလုပ်လုပ်နေတယ်လို့ ဟူဖင်တန် ပိုစ်က ရေးပါတယ်။ အစားအသောက်နဲ့ သဘာဝ ပစ္စည်းတွေကို ပန်းချီဆွဲတဲ့ စုတ်အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။ "စုတ်ကို သဘာဝက ပေးထားတဲ့ သစ်ရွက်၊ အစားအသောက်တွေနဲ့ အစားထိုးသုံးတယ်”လို့ အသက် ၂၇ နှစ် ဘာနယ်ဒယ်လီက ပြောပါတယ်။ ဒီအနုပညာဟာ တရုတ်လူမှုရေး ကွန်ရက် ဝေဘိုမှာလည်း ပျံ့နှံနေပြီး သူရဲ့ အရည်အချင်းကို လူအများစုက တန်ဖိုးထားနေပါတယ်။ ဓာတ်ပုံ -be-street.com  
6 years Ago
Up