ကော်နာမက်ဂရီဂေါ်

August 5, 2018

နာမည်ကြီး ကော်နာမက်ဂရီဂေါ် လိုက်ဝိတ်ချန်ပီယံနှင့် ထိုးသတ်မည်

50 Millon Kit Contract UFC လက်ဝှေ့စင်နဲ့ ဝေးကွာနေတဲ့ နာမည်ကြီး ကော်နာမက်ဂရီဂေါ်ဟာ သံဇကာကွင်းထဲပြန်လာဖို့ရှိပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက အက်ဒီအလ်ဗာရက်ဇ်နဲ့ ထိုးသတ်ပြီးကတည်းက အနားယူနေခဲ့တဲ့ မက်ဂရီဂေါ်ဟာ လိုက်ဝိတ်ချန်ပီယံ ခါဘစ်နာမာဂိုမီဒေါ့ဗ် နဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။ UFC 229 ပွဲစဉ်အဖြစ် အမေရိကန် လက်စ်ဗီဂတ်စ် တီမိုဘိုင်းလ် အရီးနားထဲမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ ထိုးသတ်မယ့် ၂၅ နှစ်မြောက် ပွဲစဉ်မှာ ပါဝင်မှာလည်း ဖြစ်ပါတယ်။ ကွင်းပြင်ပ ပြဿနာတွေနဲ့အတူ မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိတဲ့ မက်ဂရီဂေါ်ဟာ ၂ နှစ်နီးပါးအကြာမှ ကွင်းထဲပြန်ခြေချခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up