ကော်တင်ဟို အပြောင်းအရွှေ့ကိစ္စ မေးမြန်းမှုအပေါ် ချိန်ဘာလိန် ဝေဖန်

December 19, 2017

ကော်တင်ဟို အပြောင်းအရွှေ့ကိစ္စ မေးမြန်းမှုအပေါ် ချိန်ဘာလိန် ဝေဖန်

ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ကိစ္စ မေးမြန်းတာနဲ့ပတ်သက်ပြီး အသင်းဖော် ချိန်ဘာလိန်က ဝေဖန် ပြောကြားလိုက်ပါတယ်။ လီဗာပူးက ဘုန်းမောက်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲအပြီး ပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးမှာ ကော်တင်ဟိုနဲ့ ချိန်ဘာလိန်တို့ နှစ်ဦးစလုံးကို အင်တာဗျူးရာမှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မမေးသင့်တဲ့အကြောင်းနဲ့ အဲဒီလိုမေးမြန်တာဟာ တရားမျှတမှုမရှိဘူးလို့ ချိန်ဘာလိန်က ပြောပါတယ်။ ကော်တင်ဟိုဟာ မိမိတွေ့ဖူးသမျှ ကစားသမားတွေထဲမှာ ပရော်ဖက်ရှင်နယ် အကျဆုံး ကစားသမားဖြစ်ပြီး အသင်းအတွက်လည်း အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်တယ်လို့ ချိန်ဘာလိန်က ဆိုပါတယ်။ ကော်တင်ဟိုကတော့ အကောင်းဆုံးခြေစွမ်းပြဖို့နဲ့ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့  တရားဝင် ကမ်းလှမ်းထားပါတယ်။
4 years Ago
Up