ကော်တင်ဟို ဘာစီလိုနာအသင်းနှင့် စတင်ပွဲထွက်

January 26, 2018

ကော်တင်ဟို ဘာစီလိုနာအသင်းနှင့် စတင်ပွဲထွက်

ဘာစီလိုနာအသင်းကို ​ပြောင်း​ရွှေ့ခဲ့တဲ့ လီဗာပူး ကွင်းလယ်​ကစားသမား ​ကော်​တင်​ဟိုဟာ မ​နေ့ညက ယှဉ်​ပြိုင်​ကစားခဲ့တဲ့ စပိန်​ ကိုပါဒယ်​​ရေးပြိုင်​ပွဲ ကွာတားဖိုင်​နယ်​ အက်​စ်​ပန်​ညိုနဲ့ပွဲမှာ စတင်​ပွဲထွက်​လာခဲ့ပါတယ်​။ ကော်တင်ဟိုဟာ ပထမလူစာရင်းမှာ ပါဝင်​လာတာတော့မဟုတ်​ဘဲ မိနစ်​ ၇၀ လောက်မှသာ အင်​နီ​ယေစတာနဲ့ လူစားလဲပြီး ပထဆုံး ပွဲထွက်​လာခဲ့တာ ဖြစ်​ပါတယ်​။ ပထမအ​ကျော့ အက်​စ်​ပန်​ညိုအိမ်​ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်​ထားခဲ့တဲ့အတွက်​ ဘာစီလိုနာအသင်းဟာ ပွဲစတာနဲ့ တိုက်​စစ်​ဖွင့်​ ကစားခဲ့ပြီး​ ပွဲကစားချိန်​ ၉ မိနစ်​နဲ့ ၂၅ မိနစ်​တို့မှာ ဆွာရက်​ဇ်​နဲ့ မက်​ဆီတို့က ဦး​ဆောင်​ဂိုး​တွေ ဆက်​တိုက်​သွင်းယူခဲ့ပါတယ်​။ ဒါ​ပေမယ့်​လည်း ပွဲပြီးဆုံးတဲ့အချိန်​ထိ ဂိုး​တွေ ထပ်​မံသွင်းယူနိုင်​ခြင်းမရှိလို့ ဘာစီလိုနာအသင်းကပဲ နှစ်​​ကျော့​ပေါင်း ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်​နယ်​ကို တက်​​ရောက်​သွားတာပါ။ ဒီ​နေ့ပွဲစဉ်​မှာ လူစားဝင်​ကစားခဲ့တဲ့ ​ကော်​တင်​ဟိုဟာလည်း အသင်းနဲ့ အလျင်အမြန်ပဲ အ​ခြေကျခဲ့သလို အ​ကောင်းဆုံး ​ခြေစွမ်းပြကစားသွားနိုင်​ခဲ့ပါတယ်​။
3 years Ago
Up