ကော်တင်ဟိုကို ရောင်းချမှာမဟုတ်ဘူးလို့ လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့က ပြောကြားလိုက်ပါတယ်။
ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး သူ့ကို ရောင်းချဖို့မရှိဘူးလို့ နည်းပြ ဂျာဂန်ကလော့က တရားဝင် ပြောဆိုလိုက်တာပါ။
ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး နေမာရဲ့နေရာမှာ ကော်တင်ဟိုနဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာပါ။
ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းအတွက် ၁၄ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး ၅ နှစ် သက်တမ်းတိုးစာချုပ်လည်း ချုပ်ဆိုထားပါတယ်။
အသက် ၂၅ နှစ်ရှိ ကော်တင်ဟိုဟာ ၂၀၁၃ ခုနှစ်က အီတလီကလပ် အင်တာမီလန်အသင်းကနေ ပေါင် ၈ ဒသမ ၅ သန်းနဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
5 years Ago