ကော်တင်ဟိုကို ပေါင်သန်း ၁၂၀ ဖြင့် ဘာစီလိုနာ ထပ်မံကမ်းလှမ်းမည်

October 12, 2017

ကော်တင်ဟိုကို ပေါင်သန်း ၁၂၀ ဖြင့် ဘာစီလိုနာ ထပ်မံကမ်းလှမ်းမည်

ဘာစီလိုနာအသင်းက လီဗာပူး ကွင်းလယ်ကစားသမား ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၂၀ လောက် အသုံးပြုပြီး စတုတ္ထအကြိမ် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို တတိယအကြိမ် ကမ်းလှမ်းခဲ့စဉ်က ပေါင် ၁၁၄ သန်းအထိ ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီကတည်းက ကော်တင်ဟိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း ၃ ကြိမ်အထိ ကမ်းလှမ်းခဲ့ပြီး ကစားသမားဘက်ကလည်း အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် လီဗာပူးအသင်းက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဘာစီလိုနာအသင်း အမှုဆောင်အရာရှိချုပ် အော်စကာဂရာအူကလည်း လီဗာပူး ကွင်းလယ်ကစားသမား ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ ဆောင်းရာသီ ဈေးကွက်ဖွင့်တဲ့အချိန်မှာ အသင်းနည်းစနစ်အဖွဲ့က တောင်းဆိုတဲ့ ကစားသမားအားလုံးကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပြီး ကော်တင်ဟိုကို ခေါ်ယူဖို့လည်း အဆင်သင့်ဖြစ်နေတယ်လို့ ဘာစီလိုနာအသင်း အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
4 years Ago
Up