ကော်တင်ဟိုကို

A d v e r t i s e m e n t With Us

January 7, 2018

ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ဘာစီလိုနာ ခေါ်ယူ

လီဗာပူးစတား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူဖို့ မနေ့က သဘောတူညီမှုရရှိသွားပြီ ဖြစ်ပါတယ်။ အခု ပြောင်းရွှေ့ကြေးဟာ ဗြိတိန်ကလပ်တွေထဲ မှာ အများဆုံးရရတဲ့ ကြေးဖြစ်သလို စပိန် ကလပ်တခုက အမြင့်ဆုံးပေးတဲ့ ပြောင်းရွှေ့ကြေးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ တတိယ အများဆုံး ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။ ပထမအများဆုံးကတော့ ပေါင် ၂၂၂ သန်း နဲ့ ပီအက်စ်ဂျီကို ပြောင်းသွားတဲ့ နေမာရဲ့ ပြောင်းရွှေ့ ကြေးဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီး လက်ရွေးစင် ကော်တင်ဟိုဟာ ၂၀၁၃ ခုနှစ်က လီဘာပူး အသင်းကို ပေါင် ၈ သန်းခွဲနဲ့ ရောက်လာခဲ့တာပါ။ သူဟာ အသင်းအတွက် ၁၅၃ ပွဲ ကစားပေးထားပြီး  ၄၂ ဂိုးသွင်းပေးထားသူပါ။ ၂၀၁၀ မှာ ဘရာဇီးနိုင်ငံ လက်ရွေးစင်ဖြစ်လာပြီး ၃၂ ပွဲ ကစား၊ ၈ ဂိုးသွင်းပေးထားပါတယ်။
3 years Ago

October 21, 2017

ကော်တင်ဟိုကို ခေါ်ယူခွင့်ရရေး ဘာစီလိုနာ ထပ်မံကြိုးစားလိမ့်မည်ဟုဆို

ဘာစီလိုနာအသင်းက လီဗာပူး ကွင်းလယ်သမား ကော်တင်ဟိုကို နောက်ဆုံးအနေနဲ့ ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ မေယာ သတင်းမှာ ရေးသားထားပါတယ်။ လီဗာပူးအသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ဘာစီလိုနာက ပေါင် ၁၁၈ သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပါတယ်။ ဒီတကြိမ်မှာတော့  ဘာစီလိုနာက လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ နောက်ဆုံး ကြိုးစားမှု ပြုလုပ်မှာပါ။ အသက် ၂၅ နှစ်အရွယ် ဘရာဇီး ကွင်းလယ်သမားဟာ ဒီနှစ်ရာ သီမှာလည်း ခြေစွမ်းပြ ကစားနေပြီး လီဗာပူးအတွက် ၄ ဂိုး သွင်းယူထားပါတယ်။ ဇန်န၀ါရီ ဈေးကွက်မှာ မခေါ်နိုင်ရင် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ကော်တင်ဟိုသာ ခြေစွမ်းပြနိုင်ရင် ဒီထက်ပိုပြီး ဈေးကြီးပေးရမှာကို စိုးရိမ်နေပါတယ်။ ကော်တင်ဟိုဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာလည်း အဓိက အားထားရသူတဦး ဖြစ်ပါတယ်။
3 years Ago
Up