ကော်တင်ဟို

A d v e r t i s e m e n t With Us

June 25, 2019

ဘာစီလိုနာတွင် နေမာနှင့် တွဲဖက်ကစားချင်ဟု ကော်တင်ဟို ပြော

ဘာစီလိုနာအသင်းကို နေမာ ပြန်လာမယ်ဆိုရင် ပျော်ရွှင်မိမယ်လို့ ဘရာဇီးအသင်းဖော် ကော်တင်ဟိုက ပြောပါတယ်။ နေမာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတာပါ။ ဘာစီလိုနာအသင်းမှာ နေမာနဲ့ တွဲဖက်ကစားရမယ်ဆိုရင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပျော်ရွှင်မိမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ မသိနိုင်ပေမယ့်လည်း သူနဲ့အတူ တွဲဖက်ကစားချင်တယ်လို့ ကော်တင်ဟိုက ပြောကြားခဲ့ပါတယ်။ နေမာဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းကနေ နုတ်ထွက်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းကစားသမားတွေဆီ လာရောက်နှုတ်ဆက်ရင်း အားပေးစကား ပြောကြားခဲ့ပါတယ်။
2 years Ago

June 2, 2019

မန်ယူနှင့် ချဲလ်ဆီး ကော်တင်ဟိုကို ခေါ်ယူရန် ပစ်မှတ်ထား

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ဘရာဇီးကစားသမား ကော်တင်ဟိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာစီလိုနာအသင်းကလည်း အသက် ၂၆ နှစ်အရွယ် ကွင်းလယ်သမား ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ ကမ်းလှမ်းရင် လက်ခံဖွယ်ရှိတယ်လို့ ဒေလီးစတား သတင်းမှာ ဖော်ပြထားပါတယ်။ ကော်တင်ဟိုရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁ဝဝ လောက်ရရင် ဘာစီလိုနာက ရောင်းထုတ်နိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ ချဲလ်ဆီးကတော့ ရီးရဲလ်ကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်သမား ဟာဇက်ရဲ့ နေရာမှာ အစားထိုးခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ မန်ယူကတော့ အသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ ကွင်းလယ်သမား ပေါဘာရဲ့ နေရာမှာ ကော်တင်ဟိုနဲ့ အစားထိုးနိုင်ဖို့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
2 years Ago
More News
Up