ကော်စတာ လှောင်ပြောင်

March 31, 2018

အာဂျင်တီးနားအသင်းတွင် မက်ဆီရှိနေခြင်းကို ကျေးဇူးတင်သင့်ဟု ကော်စတာ လှောင်ပြောင်

  အာဂျင်တီးနားအသင်းမှာ လီယွန်နယ်မက်ဆီလို ကံကောင်းစေတဲ့ ကြယ်ပွင့်ကစားသမား ရှိတာကို ကျေးဇူးတင်သင့်တယ်လို့ ဒီယေဂိုကော်စတာက လှောင်ပြောင် ပြောကြားခဲ့ပါတယ်။ ဒီယေဂိုကော်စတာရဲ့ စပိန်အသင်းဟာ အာဂျင်တီးနားအသင်းကို သမိုင်းတလျှောက် အကြီးမားဆုံး အနိုင်ရရှိခဲ့တာဖြစ်ပြီး အဓိက ကစားသမား မက်ဆီဟာလည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီပွဲစဉ်မှာ ဒီယေဂိုကော်စတာဟာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတွေဟာ မက်ဆီကို အပြစ်အမြဲဆိုကြကြောင်း၊ ဒါပေမယ့် မက်ဆီသာမရှိရင် အသင်းမှာ တခုခုဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မက်ဆီလိုကစားသမားမျိုးဟာ အပြစ်မတင်သင့်ဘဲ အသင်းမှာရှိနေတာကသာ ဘုရားသခင်ကို ကျေးဇူးတင်ရမယ့် အခြေအနေဖြစ်တယ်လို့ ကော်စတာက ပြောပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ နိုင်ဂျီးရီးယား၊ ခရိုအေးရှား၊ အိုက်စလန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေသလို နောက်တဆင့် တက်ရောက်နိုင်ဖို့လည်း အခြေအနေ ကောင်းနေခဲ့ပါတယ်။
3 years Ago
Up